စက်သုံးဆီဆိုင်လုပ်ငန်းရှင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

Powered by Drupal

၂၀၂၅ခုနှစ် ဇွန်လ (၂၃)ရက်နေ့ နေ့လည် (၁၅:၃၀)အချိန်တွင် ရွှေဘိုခရိုင် စီမံအုပ်ချုပ် ရေးအဖွဲ့ရုံး၏ အစည်းအဝေးခန်းမတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌမှ ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊စားသုံးသူရေးရာဦးစီးဌာန၊ စက်မှုကြီးကြပ်နှင့် စစ်ဆေးရေး ဦးစီးဌာန စသည့် သက်ဆိုင်ရာ ဌာနဆိုင်ရာများအပြင် ရွှေဘိုမြို့နယ်မှ (၂၁)ဦး၊ ခင်ဦးမြို့နယ်မှ (၆)ဦး၊ဝက်လက်မြို့နယ်မှ (၇)ဦး စုစုပေါင်း စက်သုံးဆီလုပ်ငန်းရှင် (၃၄)ဦး တက်ရောက် ဆွေးနွေးခဲ့ပါသည်။
အစည်းအဝေးတွင် ရွှေဘိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌမှ စက်သုံးဆီဆိုင်များ စက်သုံးဆီသယ်ယူရာတွင် အဆင်ပြေချောမွေ့စေရေး၊ ရောက်ရှိလာသော စက်သုံးဆီများကို ဖြန့်ဖြူး ရောင်းချရာတွင် မှန်မှန်ကန်ကန်ဖြစ်စေ‌ရေး၊အလေးချိန် အချိန်အတွယ်မှန်ကန် စေရန်နှင့် သတ်မှတ်ဈေးနှုန်းဖြင့်သာ ရောင်းချစေရေး ပြောကြားခဲ့ပြီး၊ မိတ်ဖက်ဌာနများမှ ဖြည့်စွက် ဆွေးနွေးသည့်အပြင် တက်ရောက်လာကြသော စက်သုံးဆီဆိုင်လုပ်ငန်းရှင်များမှ ပြန်လည် ဆွေးနွေးခဲ့ပြီး အစည်းအဝေးကို (၁၆:၃၀)တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
DOCA(စစ်ကိုင်း)