သတင်းနှင့် လှုပ်ရှားမှုများ
ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်မှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ဇွန်လ (၇)ရက်၊ နံနက် (၈)နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာ၊ တိမွေးကု၊ တိုင်းရင်းဆေးစသည့် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ပန်းတောင်းမြို့ပေါ်ဆေးဆိုင်များတွင် Online ပေါ်၌ ရောင်းချနေသော တိုင်းရင်းဆေးခေါ် (ရသေ့ဆေး)အား ရောင်းချမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီး ၊စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူပြည်သူများရရှိမည့် အခွင့်အရေးများ အပြည့်အဝရရှိနိုင်စေရေးအတွက် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာ ဗဟုသုတများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် ရည်ရွယ်၍ ပြည်ခရိုင်၊ ပြည်မြို့နယ်အတွင်း ဇွန်လ (၉)ရက်၊ မွန်းလွဲ (၁:၀၀)နာရီ၌ ကြခတ်အုပ်စု၊ ကြခတ်ရွာ၌လည်းကောင်း၊ မွန်းလွဲ (၂:၀၀)နာရီ၌ ကြခတ်အုပ်စု၊ ပေါင်းဇူးရွာ၌လည်းကောင်း၊ ပြည်မြို့နယ်တာဝန်ခံမှ မြို့နယ်အတွင်း သက်ဆိုင်ရာဌာနဆိုင်ရာ အဖွဲ့အစည်းများန
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်အတွင်း မြို့နယ်တစ်မြို့နယ်လျှင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားရေးအတွက် တစ်လလျှင် ကျေးရွာ (၁၀)ရွာအား ရွေးချယ်ပြီး အသိပညာပေးဆွေးနွေးပွဲများ ဆောင်ရွက်လျှက်ရှိရာ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် မိတ်ဖတ်ဌာနဆိုင်ရာများနှင့်အတူ လိုက်ပါဆောင်ရွက်လျှက်ရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်း ဇွန်လ(၃)ရက်၌ ရွှေတောင်မြို့၊ ကြာနီကန်ရပ်ကွက်ရှိ Kဝိုင်းဆန်စက်သို့လည်းကောင်း၊ ဇွန်လ(၇)ရက်၌ သဲကုန်းမြို့၊ ရွာမရပ် ပုတီးကုန်းနယ်ရှိ အောင်ဝေထူးဆန်စက်နှင့် ပေါင်းတည်မြို့ သိမ်ကြီး(၂၂)လမ်းရှိ ဓနသိဒ္ဓိဆန်စက်တို့လည်းကောင်း၊ ဇွန်လ(၉)ရက်၌ ပေါက်ခေါင်းမြို့ အမှတ်(၂)ရပ်ကွက်ရှိ Super Fine သောက်ရေသန့်စက်ရုံသို့လည်းကောင်း သွားရောက်၍ သက်ဆိုင်ရာ မြို့နယ်တာဝန်ခံများမှ စားသုံးသူကာကွယ်ရေးဥပဒေဆိုင်ရာ အကြောင်းအရာများကို အသိပ
ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် တောင်ငူခရိုင် ဦးစီးမှူးရုံးမှ စားသုံး/ထုတ်လုံဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများနှင့်အတူ ဇွန်လ ၉ ရက်နေ့ နံနက်ပိုင်းက အုတ်တွင်းမြို့နယ်၊ ကျောင်းရှစ်ဆယ်ကျေးရွာအုပ်စုအတွင်း ရန်ကုန်-မန္တလေးလမ်းပေါ်တွင် ဖွင့်လှစ်ရောင်းချသည့် OK စက်သုံးဆီအရောင်းဆိုင်၊ သရဖူစက်သုံးဆီအရောင်းဆိုင်နှင့် United Petro စက်သုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ရာ သက်ဆိုင်ရာ အရောင်းဆိုင်များမှ တာဝန်