သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၏ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး အထောက်အကူပြု အသိ ပညာပေးသင်တန်း(၁/၂၀၂၂)အား ၂၀၂၂ခုနှစ်၊ ဇူလိုင်လ (၂၁)ရက်နေ့ နေ့လည်(၁၃:၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဝင်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ရခိုင်ပြည်နယ် မြောက်ဦးခရိုင် မြေပုံမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးစံညွန့်(ဦးစီးမှူး)သည် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ လိုက်ပါလျှက် ၂၀၂၂ခုနှစ်၊ ဇူလိုင်လ(၂၂)ရက်နေ့ နေ့လယ်(၁၂:၀၀) အချိန်တွင် မြေပုံမြို့ရှိ အထက-မြေပုံ Grate-10မှ ကျောင်းသား/သူ (၂၉၀)ဦးတို့ကို အဆိုပါစာသင်ကျောင်းရှိ ဦးစိန္တာခန်းမ၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၂၅) ရက် နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် လွိုင်ကော်မြို့ပေါ်ရှိ ရွှေတောင်ရပ်ကွက်၊ မင်္ဂလာရပ်ကွက်၊ မင်းစုရပ်ကွက်နှင့် နောင်ယား(ခ)ရက်ကွက်ရှိ စတိုးဆိုင်များ၌ Thiri Comestic Co.,Ltd မှ တရား ဝင်တင်သွင်း ဖြန့်ဖြူးရောင်းချနေသော Mistine အလှကုန်ပစ္စည်းများတွင် FDA ခွင့်ပြုချက်၊ Hologram (ရောင်ပြန်) စတစ်ကာနှင့် မြန်မာစာ labelling များ မပါရှိဘဲ ကုန်ပစ္စည်းဆင်တူယိုးမှား ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေမ
နေပြည်တော်ကောင်စီ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းက နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ စားသုံးသူပြည်သူများ စားသုံးဆီကိုသက်သာသည့် ဈေးနှုန်းဖြင့် ဝယ်ယူနိုင်ရန် ရည်ရွယ်၍ စားသုံးဆီတစ်ပိဿာလျှင် ငွေကျပ် ၃၉၀၀ နှုန်းဖြင့် ဆက်လက်ဖြန့်ဖြူးရောင်းချလျက်ရှိရာ ၂၃-၇-၂၀၂၂ ရက်နေ့၌ ပျဥ်းမနားမြို့နယ်၊ သူဌေးကုန်းကျေးရွာ အနောက်ပိုင်းနှင့် သစ်လေးလုံးကျေးရွာ အရှေ့ပိုင်းတို့တွင် အဖွဲ့ဝင် ဦးပြည့်ဖြိုးအောင်မှ ပိဿာချိန် ၄၄၀ ကိုလည်းကောင်း၊ ၂၄-၇-၂၀၂၂ ရက်နေ့၌ တပ်ကုန်းမြို့နယ်၊ ရွှေမြို့ကျေး
၂၀၂၂ခုနှစ်၊ ဇူလိုင်လ (၂၀)ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ မကွေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဝင်း၊ စားသုံးသူရေးရာဦးစီးဌာန မကွေး ခရိုင်ဦးစီးမှူး ဒေါ်တင်တင်လှနှင့် တာဝန်ရှိသူတို့သည် ရေနံချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ရေနံချောင်းမြို့နယ်ရှိ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ကြကြောင်း သိရှိရပါသည်။