သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးသည် ဇူလိုင်လ ၁၆ ရက် နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ တိုင်းရင်းဆေး ပညာ ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ဖြူးမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား ကျောင်းသူများ သိသင့်သိထိုက်သည့် အသိပညာဗဟုသုတများရရှိစေရေးအတွက် ပြုလုပ်သည့် အသိပညာပေးဟောပြောပွဲတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောခဲ့ပါသည်။
ပဲခူးခရိုင် ၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအဖွဲ့ ၊ အတွင်းရေးမှူး စားသုံးသူရေးရာ ဦးစီးဌာန ၊ ပဲခူးခရိုင်ဦးစီးမှူး ဦးစိုးမိုးသည် ၂၀၂၂ ခုနှစ် ၊ ဇူလိုင်လ ၁၅ ရက်နေ့ တွင် ပဲခူးခရိုင် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအဖွဲ့ ၊ အဖွဲ့ဝင်ဌာနဆိုင်ရာ များဖြစ်သော ပဲခူးခရိုင်ရဲတပ်ဖွဲ့ ဒုတိယရဲတပ်ဖွဲ့မှူး ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန် ရှိ သူများ၊ စိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူများ ၊ စားသုံးသူရေးရာဦးစီးဌာန ပဲခူးခရိုင်ဦးစီးမှူးရုံး၊ဒု-ခရိုင်ဦးစီးမှူး ဦးရဲမင်းထွ
စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် (၂၂.၇.၂၀၂၂) ရက်နေ့ (၁၀:၀၀) အချိန်တွင် မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံနှင့်အဖွဲ့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်နှင့်ပူးပေါင်းအဖွဲ့တို့သည် မိတ္ထီလာမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များသို့ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်
စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့သည် ၂၀၂၂ ခုနှစ် ဇူလိုင်လ ( ၂၀ ) ရက်နေ့ နံနက် (၁၀း၃၀) အချိန်တွင် သာစည်မြို့နယ်၊ မြို့မဈေးသို့သွားရောက်လေ့လာ၍ ဈေးဆိုင်များအတွင်း ရောင်းချလျက်ရှိသောကုန်စည်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြပါသည်။
၂၀၂၂ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့ (၁၀း၀၀) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန ၊ မိတ္ထီလာခရိုင်၊ ခရိုင်ဦးစီးမှူးရုံးခန်းတွင် ခရိုင်ဦးစီးမှူး ဦးဇော်မင်းမှ လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။