
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ရန်ကုန်-ပုသိမ်လမ်း၊ ဆားမလောက်၊သခွပ်ချောင်း ကျေးရွာ ရှိ UAPPT၊ သရဖူဆန်စက် တွင် သိုလှောင်ထားသော Myanmar Broken Rice 100% B 1,2 (Sortexed) 2392 MT, Myanmar White Rice 10% Broken Theepu (WMDPS) 1040 MT ဆန် သိုလှောင်ထားရှိမှု၊ ဆန်/စပါးဝယ်ယူကြိတ်ခွဲ သိုလှောင်ထားရှိမှု လုပ်ငန်းမှ ဆန်များ ပြည်ပတင်ပို့နိုင်ရေးအတွက် (၃၀.၆.၂၀၂၅) ရက်နေ့ နေ့လည် (၁၃၀၀)နာရီက စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ဒေသတွင်း စိုက်ပျိုးထွက်ရှိသော ဆန်/စပါးများကိုဝယ်ယူကြိတ်ခွဲ၍ ပြည်ပတင်ပိုရန် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများသို့ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်လွင် ဦးစီးအရာရှိနှင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့တို့က ဆန်/စပါးသိုလှောင် ကြိတ်ခွဲသော လုပ်ငန်းများ၏ သိုလှောင်ထားရှိမှုအခြေအနေများကို စစ်ဆေးပြီး စပါးကြိတ်ခွဲထွက်ရှိပါက အကျိုးအကျေနည်းပြီး အရည်အသွေး ကောင်းမွန်သည် ဆန်အရောင်းအဝယ်ပြုလုပ်ရာတွင် ဈေးကွက် ဝင်ဆန့်နိုင် ပြီး ဈေးကောင်းလည်း ရရှိနိုင် ကြောင်း ဆန်သိုလှောင်မှု နည်းပညာများ ထိန်သိမ်းထားရန်လိုအပ်ကြောင်း၊ သတ်မှတ်ချက်များနှင့် ကိုက်ညီစွာ သိုလှောင်ထားရှိမှု ရှိမရှိစစ်ဆေးခြင်း၊ နိုင်ငံတကာမှ သတ်မှတ်စံချိန်စံညွှန်းပြည်မှီစွာ ပြည်ပတင်ပို့နိုင်ရေး လုပ်ငန်းရှင်များက တိကျစွာလိုက်နာဆောင်ရွက်မှသာ ကောင်းမွန်သော ကုန်စည်များ ပြည်ပတင်ပို့နိုင်ရေး ဌာနများမှ ကြပ်မတ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)