သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
20 Jun 2022

            စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် မကွေးခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများအဖွဲ့သည် ဈေးတာဝန်ခံနှင့်ပူးပေါင်းပြီး မကွေးမြို့၊ ရန်ပယ်စျေးရှိ စားသုံးဆီရောင်းချသည့် လုပ်ငန်းများအား (၁၀.၆.၂၀၂၂) နေ့ နံနက်(၀၉:၀၀) မှ (၁၀:၀၀) နာရီထိ ဟင်းသီးဟင်းရွက်ဆီများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြလာရေး ကွင်းဆင်းစစ်ဆေး အသိပညာပေးဆွေးနွေးခဲ့ပါသည်။

20 Jun 2022

          စားသုံးသူရေးရာဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်ဦးစီးမှူး ဦးဝင်းနိုင် (ဦးစီးအရာရှိ)နှင့် ဝန်ထမ်းများသည် (၁၁-၆-၂၀၂၂) ရက်နေ့ နံနက် (၁၁:၀၀)နာရီအချိန်တွင် ခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးသည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

20 Jun 2022

                စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒု-ခရိုင်ဦးစီးမှူး ဒေါ်မွန်မွန်စိုး  ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များကို စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)နှင့်အညီ ထည့်သွင်းဖော်ပြလာ စေရန်ရည်ရွယ်၍ (၇.၆.၂၀၂၂)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် ပခုက္ကူမြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွ

20 Jun 2022

           မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့ပေါ်ရှိ စက်သုံးဆီများအား ဆီသိုလှောင်ထားရှိမှု အခြေအနေများ၊ အခြင်အတွယ်ရောင်းဝယ်မှုနှင့် စျေးနှုန်းများ မှန်ကန်မှုရှိစေရေး၊  အရည်အသွေးပြည့်ဝစေရေးတို့အတွက် မကွေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စက်သုံးဆီဆိုင်များ ကြီးကြပ်မှုကော်မတီ၊ မီးသတ်တပ်ဖွဲ့နှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဦးမျိုးဝင်း(ဒု-ခရိုင်ဦးစီးမှူး)တို့သည် (၉.၆.၂၀၂၂)ရက်နေ့ (၁၅:၀၀)မှ (၁၇:၀၀)နာရီထိ မင်းထက်ကြွယ်၊ ဆယ်စုသစ်၊

20 Jun 2022

       စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တာဝန်ခံ ဦးမျိုးအောင်သည်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ စားသုံးသူအကာအကွယ်ပေးရေးအသိပညာပေး Talk Show အား (၁၀.၆.၂၀၂၂)ရက်နေ့ နေ့လည် (၂:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

Pages