ဝန်ထမ်းထုတွေ့ဆုံပွဲနှင့်ရုံးလုပ်ငန်းညှိနှိုင်းအစည်းအဝေး(၇/၂၀၂၅)ပြုလုပ်

Powered by Drupal

၂၀၂၅ခုနှစ်၊ ဇူလိုင်လ(၄)ရက်နေ့ ၊ နေ့လယ် (၁၃:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ ရုံးလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၇/၂၀၂၅) နှင့်ဝန်ထမ်းထုတွေ့ဆုံပွဲ(၇/၂၀၂၅)ကို ဝန်ထမ်း(၁၁)ဦးဖြင့် တပြိုင်တည်းကျင်းပပြု လုပ်ဆောင်ရွက် ခဲ့ပါသည်။
အဆိုပါရုံးလုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့်ဝန်ထမ်းထုတွေ့ဆုံပွဲ(၇/၂၀၂၅)တွင်ဌာနခွဲတာဝန်ခံများက ဌာနအလိုက်လုပ်ငန်းဆောင်ရွက်ချက်များအား အသီးသီးတင်ပြဆွေးနွေးကြပြီး ရုံးလုပ်ငန်း ညှိနှိုင်း အစည်းအဝေးဆုံးဖြတ်ချက်(၆)ချက်နှင့် ဝန်ထမ်းထုတွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး ဆုံး ဖြတ်ချက် (၆) ချက်ချမှတ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ကယား)