စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးတွင် Online Virtual စနစ်ဖြင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဆောင်ရွက်

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်(၆)မြို့နယ်နှင့်Onlineစနစ် ဖြင့် ဆောင်ရွက်သော ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို (၁.၇.၂၀၂၅)ရက်နေ့ နံနက် (၀၉:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှအမှုထမ်း(၁၈)ဦး ကို လူ့စွမ်းအားအရင်းအမြစ်များ တိုးတက်လာစေခြင်း၊ ဌာန၏လုပ်ငန်းဆောင်ရွက်ချက်များ လွယ်ကူလျင်မြန်သွက်လက်လာစေရန် ရည် ရွယ်ခြင်း၊ မိမိတို့ဆောင်ရွက်နေသော ဌာနခွဲများ၏ လုပ်ငန်းစဉ်များကို ချပြရှင်းလင်း ဟောပြောနိုင်ရေး ကိုရည်ရွယ်၍ ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို ပထမဦးစွာ စားသုံးသူရေးရာဦးစီးဌာန၊ဟင်္သာတခရိုင်ဦးစီးမှူးဦးဇော်မင်းကဝန်ထမ်းများ၏စွမ်းဆောင်ရည်မြင့်မားလာစေရေးအတွက်ရုံးလုပ်ငန်းဆိုင်ရာတာဝန်ဝတ္တရားများနှင့်အသိပညာများအမြဲမပြတ်ကြိုးစားသင်ယူလေ့လာရန်လိုအပ်ကြောင်း ကိုလည်းကောင်း၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံ ရုံးအုပ် ဦးဘိုဘိုက ကုန်အညွှန်းအမှတ် အသားဆိုင်ရာဖော်ပြချက်များနှင့် မြန်မာနိုင်ငံစားသုံး သူကာကွယ်ရေး ကော်မရှင်မှထုတ်ပြန်ကြော်ငြာ ထားသော ညွှန်ကြားချက်များ၊ ကုန်စည်အုပ်စုအလိုက် မြန်မာ ဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြရမည့် ကုန်စည်အုပ်စု (၈)မျိုး၏ အသေးစိတ် အချက်အလက်များအား ရှင်းလင်းဆွေးနွေးခဲ့ပါ သည်။ဆွေးနွေးပို့ချချက်များအပြီးတွင် သင်တန်းသားများမှ မရှင်းလင်းသည်များကို မေးမြန်းခြင်းအပေါ် ပြန်လည်ရှင်းလင်းပြောကြားခြင်း အစီအစဉ်ကို ပြုလုပ်ခဲ့ပြီး နေ့လည်(၁၁:၀၀)နာရီတွင် သင်တန်းဆင်း အခမ်းအနား ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါသင်တန်းသို့ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း(၁၈)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။
DOCA (ဧရာဝတီ)