စုပေါင်းသစ်ပင်စိုက်ပွဲ၌ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးဝန်ထမ်းများမှ ပူးပေါင်းဆောင်ရွက်

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ဇူလိုင်လ ၂ ရက်နေ့ နံနက်(၇း၃၀)နာရီအချိန်တွင် စစ်ကိုင်းမြို့၊ ပညာရေးတက္ကသိုလ် ကျောင်းဝန်းအတွင်း၌ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီး များနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသစ်ပင်စိုက်ပွဲကို ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

     အဆိုပါသစ်ပင်စိုက်ပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးမှ ညွှန်ကြားရေးမှူးများ၊ စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက တက်ရောက်ခဲ့ပြီး  မိုးရာသီသစ်ပင်စိုက်ပျိုးရာ မိုးခေါင်ရေရှား၊ ခြောက်သွေ့ငြားလည်း၊ သစ်တောပြုစု၊ မိုးရေစု၏၊ သစ်တောသစ်ပင် ချစ်ခင်တဲ့လူမျိုး၊ သစ်ပင်ကို နှစ်စဉ်စိုက် ရွှေတိုက်ကိုစိုးဟူ၍ ဆောင်ပုဒ်နှင့်အတူ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသစ်ပင်စိုက်ပွဲကို ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးအတွက် နှစ်စဉ်နှစ်တိုင်း ပူးပေါင်းစိုက်ပျိုးသွားကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)