တိုင်းဒေသကြီးဦးစီးမှူးမှ ထားဝယ်မြို့ပေါ်ရှိ ဆန်စက် လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

၂၀၂၅ ခုနှစ် ၊ ဇူလိုင်လ ၁ ရက်နေ့၊ နံနက် ၁၀း၃၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် တိုင်းဒေသကြီးဦးစီးမှူးမှ ထားဝယ်မြို့ပေါ်ရှိ ဆန်စက် လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
အဆိုပါတွေ့ဆုံဆွေးနွေးရာတွင် တိုင်းဒေသကြီးဦးစီးမှူးမှ တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ် မြို့တွင် မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း (၂၀၂၅-၂၀၂၈) သက်တမ်းကာလအတွက် တိုင်း ဒေသကြီးနှင့်မြို့နယ်အမှုဆောင်များကို ရွေးချယ်ဖွဲ့စည်းရမည့်အတွက် ထားဝယ်ခရိုင် ဆန်စက် လုပ်ငန်းရှင်များအသင်း ဖွဲ့စည်းနိုင်ရေးနှင့်ပတ်သက်၍ ဆောင်ရွက်ရန်အတွက် ထားဝယ်ခရိုင် ဆန် စက်လုပ်ငန်းရှင်အား ခေါ်ယူတွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
တနသရ (ထားဝယ်)