သတင်းနှင့် လှုပ်ရှားမှုများ
ဒူးရင်းသီးများလှိုင်လှိုင်ပေါ်သည့် ယခုကာလ ဒူးရင်းသီးပေါသည့် မိမိတို့ဒေသမှထွက်သော ကားတိုင်းလိုလိုတွင် ဒူးရင်းသီးအနံ့က မွှေးနေသည်။ မိမိတို့မြို့မှ လာရောက်သည့်ဧည့်သည်များ ဝယ်သွားသည်များရှိသလို ရပ်ဝေးဒေသမှ မိမိတို့ ဆွေမျိုးမိတ်ဆွေများအား လက်ဆောင်ပေးပို့ကြ သည်များလည်း ရှိပါသည်။ ဒူးရင်းသီးကြိုက်သူအဖို့ ဒူးရင်းသီးအနံ့သည် အီဆိမ့်ပြီး စားလိုက်လျှင် အရသာ လေးလေးပင်ပင်နှင့် မဝနိုင်အောင် ရှိပါသည်။ ဒူးရင်းသီးဟု ဆိုလိုက်သည်နှင့် စားချင်သူတွေ ရှိသလို ဒူးရင်းသီးကို အနံ့တောင် မခံန
ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံး၌ ၁၃.၆.၂၀၂၂ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်ဖြစ်သော စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရန်အတွက် ဗန်းမော်မြို့အတွင်း စားသုံးဆီးဖြန့်ဖြူးရောင်းချသည့် ဦးကောင်းပဲဆီသန့်လုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်များ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်မြို့နယ်တာဝန်ခံရုံးမှ ဦးမြင့်သူ(ဒု-ကြီးကြပ်ရေးမှူး)နှင့် ဝန်ထမ်းများသည် သက်ဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းများဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ (၁၁.၆.၂၀၂၂) နေ့ နံနက် (၀၉;၃၀) နာရီမှ နေ့လည် (၁၂:၀၀) အထိ မအူပင်မြို့ပေါ်ရှိ ဓါတ်မြေဩဇာနှင့် စိုက်ပျိုးရေး ဆေးဆိုင်များသို့ ကွင်းဆင်း စစ်ဆေးခဲ့ကြပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတနော်မြို့နယ် တာဝန်ခံ ဒေါ်သင်းသင်းစိုးသည် ၂၀၂၂ခုနှစ် ဇွန်လ ၁၁ရက်နေ့ နံနက် (၁၀:၃၀)အချိန်တွင် ပန်းတနော်မြို့ပေါ်ရှိ ဓါတ်မြေဩဇာနှင့် စိုက်ပျိုးရေး ဆေးဆိုင်များအား မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စိုက်ပျိုးရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ပြည်တွင်းအခွန်ဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့ တို့နှင့်အတူ ပူးပေါင်း၍ ဈေးကွက်အတွင်းရောင်းချနေသော စိုက်ပျိုးရေးသုံးဆေးပစ္စည်းများအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ် ဦးစီးမှူး ဦးဝင်းမင်းနှင့်ဝန်ထမ်းများသည် သက်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ (၁၁.၆.၂၀၂၂) နေ့ နံနက် (၀၉;၃၀) နာရီမှ နေ့လည် (၁၂:၀၀) အထိ ဓနုဖြူမြို့ပေါ်ရှိ ဓါတ်မြေဩဇာနှင့် စိုက်ပျိုးရေး ဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။