သတင်းနှင့် လှုပ်ရှားမှုများ
ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ၊ ပဲခူးခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည်(၁၃.၅.၂၀၂၂ ) ရက်နေ့ ၊ နံနက် ( ၁၀ : ၀၀ ) နာရီအချိန်တွင် သနပ်ပင်မြို့နယ်အတွင်းရှိ ဈေးနှင့် ရပ်ကွက်တွင်းရှိ ဆေးဆိုင်များသို့သွားရောက်၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်တာဝန်ခံ ဦးမျိုးမြင့်နှင့် ဝန်ထမ်းများသည် (၆.၅.၂၀၂၂) ရက်နေ့တွင် အမှတ် (၆)ရပ်ကွက် ၊ဈေးသစ်ကြီး၌ စားသုံးသူ ပြည်သူများ၏ စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ အသိပညာရှိမှုနှင့် စွမ်းဆောင်ရည် မည်မျှရှိမှုတို့ကို သိရှိနိုင်ရန်အတွက် မြန်မာနိုင်ငံစားသုံးသူစွမ်းဆောင်မှု အညွှန်းကိန်းစစ်တမ်းကောက်ယူခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေး၊ ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ (၁၃.၅.၂၀၂၂) ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ဒိုက်ဦးမြို့ မြို့မဈေးကြီးအတွင်းရှိ ဆေးမျိုးစုံရောင်းချနေသော ဆေးဆိုင်များတွင် Bella Plus Plaster နှင့် အခြားအမှတ်တံဆိပ်ပါ Plaster များသည် ဆေးဝါးမှတ်ပုံတင် ရှိ/မရှိ ကုန်အညွှန်းအမှတ်အသား ပြည့်
ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ စားသုံးသူ ပြည်သူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများ သုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး အတွက် (၆.၅.၂၀၂၂) ရက်နေ့တွင် ပဲခူးခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူး ဦးဆောင်၍ ညောင်လေးပင်မြို့ မြို့မဈေး ဈေးရုံအောက်ထပ်၊ ဈေးအနောက်လမ်း၊ ဈေးအရှေ့လမ်းများ၌ ရောင်းချ လျက်ရှိသော ဆေးဆိုင်များတွင် ဆေးဝါ
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများသည် မိတ်ဖက်အဖွဲ့အစည်းများဖြစ်သော မအူပင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ရေလဲ၊ ရွှေတောင်မှော်ကျေးရွာရှိ စိုက်ပျိုးရေးသုံးကိရိယာ၊ စိုက်ပျိုးရေးဆေးဝါးနှင့် ဓါတ်မြေဩဇာ ဆိုင်များသို့ (၁၂.၃.၂၀၂၂) နေ့နံနက် (၀၉၀၀)နာရီအချိန် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။