သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးနှင့် ဌာနခွဲစာရေး ဒေါ်ခင်န္တာဦးတို့သည် ဖြူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစောမင်းသူ ဦးဆောင်သော ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဝင်များနှင့်အတူ မေလ ၅ ရက်နေ့ နံနက်ပိုင်းက ဖြူးမြို့နယ် လိပ်သေကျေးရွာအုပ်စု၊ ကွာရီကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့ပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်၊ စားသုံး/ထုတ်လုံ တာဝန်ခံ ဦးမင်းဇော်၊ တောင်ငူမြို့နယ် တာဝန်ခံ ဦးမြင့်သူနှင့် ဝန်ထမ်းများသည် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရေး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များအား သိရှိလိုက်နာပြီး ပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖော်ပြလာခြင်းဖြင့် လု
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူနှင့် ခရိုင်ရုံးမှ ဝန်ထမ်းများသည် မြိုနယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ မေလ ၂ ရက်နေ့ နံနက် (၁၀:၀၀)နာရီ အချိန်တွင် တောင်ငူမြို့ပေါ်ရှိ ဆီဆိုင်ပိုင်ရှင်များနှင့် တွေ့ဆုံခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးနှင့် ဌာနခွဲစာရေး ဒေါ်ခင်သန္တာဦးတို့သည် မေလ ၂ ရက်နေ့ နံနက်ပိုင်းက ဖြူးမြို့ပေါ်ရှိ စားသုံးဆီ ဖြန့်ဖြူးရောင်းချသည့်ဆိုင်ကြီးများသို့ သွားရောက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပြည်ပမှ တင်သွင်းလာသည့် စားအုန်းဆီများ ဖြန့်ဖြူးသယ်ယူပို့ဆောင်ရာတွင် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရေး ရှင်းလင်းပြောကြားပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးသည် မေလ ၅ ရက်နေ့ နံနက်ပိုင်းက ရေတာရှည်မြို့ပေါ်ရှိ စားသုံးဆီရောင်းချသည့် ကုန်စုံဆိုင်ကြီးများသို့ သွားရောက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပြည်ပမှတင်သွင်းလာသည့် စားအုန်းဆီများ ဖြန့်ဖြူးသယ်ယူပို့ဆောင်ရာတွင် ညွှန်ကြားချက်များကို လိုက်နာစေရေးအတွက် ရှင်းလင်းပြောကြားခဲ့ပါသည်။