သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
11 May 2022

          စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ (၉.၅.၂၀၂၂) ရက်နေ့ တွင် နံနက် (၁၀:၀၀) အချိန်မှ စ၍ မအူပင်မြို့ပေါ်ရှိ ဆီလက်ကားရောင်းချသူများအား ဖိတ်၍ စားသုံးသူကာကွယ်ပေးရေး ဥပဒေအကြောင်းနှင့် ပြည်ပမှ တင်သွင်းလာသည့် စားအုံးဆီများ သယ်ယူပို့ဆောင်ရာတွင် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရန် အသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။

11 May 2022

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦစီးမှူးရုံး၊ အစည်းအဝေးခန်းမတွင်  ၇.၅.၂၀၂၂ ရက်နေ့ ၁၂း၀၀ နာရီအချိန်၌ မိတ်ဖက်ဌာနများဖြစ်သော စည်ပင်သာယာရေးအဖွဲ့နှင့်အတူ မအူပင်မြို့နယ် ဆီကုန်သည်နှင့် စားသုံးဆီရောင်းချနေသော လုပ်ငန်းရှင် (၁၄)ဦးတက်ရောက်၍ မအူပင်မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (ယာယီ)အား ဖွဲ့စည်းနိုင်ရေး  အစည်းအဝေးပြုလုပ်ခဲ့ကြပါသည်။

11 May 2022

           စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးမှ ဦးဇော်မင်း၊ ဓနုဖြူမြို့နယ်တာဝန်ခံ ဦးဝင်မင်းစိုးနှင့်  အဖွဲ့ဝင်များသည်  ဓနုဖြူမြို့နယ်၊ ထန်းပင်ကွေ့ကျေးရွာရှိ ရွှေမြင့်မိုရ်ဆန်စက်သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက်(၅.၅.၂၀၂၂) နေ့ နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးမှု ဆောင်ရွက်ခဲ့ပါသည်။

11 May 2022

            စားသုံးသူပြည်သူများအား ဘေးဥပါဒ်ဖြစ်စေသောပစ္စည်းများ တရားမဝင်တင်သွင်း ရောင်းချခြင်းဖြင့် စားသုံးသူနစ်နာဆုံးရှုံးမှုများအတွက် စားသုံးသူကာကွယ်ရေးဥပဒေအပြင် သက်ဆိုင်ရာ ဥပဒေများအရ အရေးယူရန် ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၄)ဦးသည် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်တိုင်းရင်းဆေး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်အတူ မေလ ၆ ရက်နေ့တွင် စစ်ကိုင်းမြို့ပေါ်ရှိ ဆေးဆိုင်(၅)ဆိုင်သို့ ကွင်းဆင်း၍ ခရိုင်ဦးစီ

11 May 2022

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျှက်ရှိရာ ( ၆.၅.၂၀၂၂ ) ရက်နေ့ (၁၃: ၀၀) နာရီအချိန်တွင် ရွှေဘိုမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ ခရိုင်ဦးစီးမှူး ၊ဒု-ခရိုင်ဦးစီးမှူး၊ ရွှေဘိုမြို့နယ်တာဝန်ခံ၊ ခရိုင်ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် ခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာနမှ

Pages