အစားအသောက်ရောင်းချသည့်ဝန်ဆောင်မှုကဏ္ဍအရ လှိုင်ထိပ်တင်(၁)စားသောက်ဆိုင်သို့ ကွင်းဆင်းစစ်ဆေး

Powered by Drupal

     (၂၅.၆.၂၀၂၅)ရက်နေ့ နံနက်(၁၀:၅၅)အချိန်တွင် စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင် ဉီးစီးမှူးရုံးမှ ဒုခရိုင်ဉီးစီးမှူး ဉီးကျော်ခိုင်ပါ(၄)ဉီးတို့သည် မြို့နယ်ပြည်သူ့ကျန်းမာရေးမှ ဒေါ်အိအိခိုင်၊ (အမျိုးသမီးကျန်းမာရေး)၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ ဉီးစန်းမြင့်(လက်ထောက်အုပ်ချုပ်ရေးမှူး)ပါ(၂)ဉီးတို့ပါဝင်လျက် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ စားသောက်ဆိုင်သို့ ဝန်ဆောင်မှုကဏ္ဍနှင့်စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ဆောင်ရွက်ခဲ့ရာတွင် အမှတ်(၆၂၃)၊ ဗိုလ်အောင်ကျော်လမ်း၊ (၉)ရပ်ကွက်ရှိ လှိုင်ထိပ်တင် (၁)မှ မန်နေဂျာ ဉီးစိုးခန့်အား ချက်ပြုတ်ဆောင်ရွက်သည့်မီးဖိုချောင်များသန့်ရှင်းသပ်ရပ်မှုမရှိခြင်း၊ ဟင်းသီးဟင်းရွက်နှင့်သားငါးများ ထားသိုရာတွင် ခွဲခြားထားမှုမရှိခြင်း၊ အမှိုက်ပုံးကို ဖုံးအုပ်ထားခြင်း မရှိခြင်း၊ ကြော်လှော်ချက်ပြုတ်သည့်ဝန်ထမ်းများသန့်ရှင်မှုမရှိခြင်းတို့ကို တွေ့ရှိရပြီး မိမိတို့ဌာနမှ လည်း သန့်ရှင်းမှုကို အဓိကထားလုပ်ဆောင်ရန် အမှိုက်ပုံးကို အဖုံးပါသည့်အမှိုက်ပုံးများ ဝယ်ယူအသုံး ပြုရန်နှင့် ချက်ပြုတ်သည့်ဝန်ထမ်းများ၏ တစ်ကိုယ်ရေသန့်ရှင်းရေးကိုလည်း သေချာလုပ်ဆောင်ရန်၊ ရေဆင်းပိုက်များသေချာစွာပြုလုပ်ရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)