သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူအခွင့်အရေးနှင့်အကျိုးစီးပွားအကာကွယ် ပေးရေး လုပ်ငန်းများနှင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ စားသုံးသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များ သိရှိလေ့လာနိုင်ရေးအတွက် စားသုံးသူရေးရာကိစ္စရပ်များ၊ ပြည်တွင်း ကုန်သွယ်မှုဆိုင်ရာ သတင်းအချက်အလက်များကို ဌာနရှိဝန်ထမ်းများက ဆောင်းပါးများအဖြစ်လည်း ကောင်း၊သတင်းများအဖြစ်လည်းကောင်း ရေးသား၍ ဌာန၏ Website ၊ Commerce Journal အပါအဝင် မီဒီယာများတွင် ဖော်ပြပေးနိ
ကမ္ဘာ့စားသုံးသူများအခွင့်အရေးများနေ့ကို ဂုဏ်ပြုသောအားဖြင့် Consumer Call Center ဖွင့်လှစ်ခြင်းအထိမ်းအမှတ်အဖြစ် ၁၅.၃.၂၀၂၂ ရက်နေ့ နံနက် ၁၀:၃၀ နာရီတွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၌ “Consumer Call Center” မီဒီယာကမ်ပိန်း ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်မြို့နယ်ရှိ ဈေးကွက်အတွင်း ရောင်းဝယ်ဖြန့်ဖြူးနေသော ပဲမျိုးစုံတို့တွင် အမျိုးအစားတူ အရည်အသွေးနိမ့်သော ကုန်စည်များ ရောနှောရောင်းချမှုမရှိစေရေး၊ အမျိုးအစားမတူ စားသုံးရန်မသင့်သော ကုန်စည်များ ရောနှော ရောင်းချမှု မရှိစေရေးနှင့် အလေးချိန် အချိန်အတွယ်ပြည်ဝမှန်ကန်မှုရှိစေရေး ရည်ရွယ်၍ ခရိုင် ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ဌာနတာဝန်ခံတို့သည် မတ်လ(၉)ရက်နေ့၊ နံနက်ပိုင်းတွင် ပြည် ကုန်စည်ဒိုင်၌ ပဲမ
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၌ ခရိုင်ဦးစီးမှူး ဦးအောင်သိန်း၊ ဒု-ခရိုင်ဦးစီးမှူး ဦးသန်းစိုး၊ မြို့နယ်တာဝန်ခံ ဦးချစ်ကိုကို၊ စားသုံး/ထုတ်လုံတာဝန်ခံ ဒေါ်ခိုင်ခိုင်ရီ တို့သည် (၉.၃.၂၀၂၂) ရက်နေ့တွင် ပဲမျိုးစုံရောင်းဝယ်တင်ပို့ရောင်းချသူ ပွဲရုံပိုင်ရှင်များနှင့် တွေ့ဆုံ၍ အရည်အသွေးမီ ကုန်ပစ္စည်းများ ရောင်းချရေးနှင့် စားသုံးသူကာကွယ်ရေး ဉပဒေ အခန်း (၁၀) ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ အခန်း(၁၁) ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ အခန်း (၂
စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ ရေဝေရပ်ကွက်၌ (၁၀.၃.၂၀၂၂) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် ပြည်သူ (၁၀) ဦးတို့နှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ပါသည်။