
မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၊ ဦးမျိုးဝင်းမှ ၂၀၂၅ခုနှစ်၊ ဇွန်လ(၁၉) ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူးရုံး မှ ဖွင့်လှစ်သော သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုသင်တန်းအမှတ်စဥ်(၁/၂၀၂၅)၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
အသိပညာပေးဟောပြောရာတွင် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်ချက်များအကြောင်း၊ စားသုံးသူများ၏အခွင့်အရေးနှင့်တာဝန်များအကြောင်း၊ စားသုံးသူ ကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားအကြောင်း၊ စားသုံးသူနစ်နာမှုဖြစ်ပါက တိုင်ကြားနိုင်ကြောင်း ပြောကြားခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ သင်တန်းသူ၊သင်တန်းသား(၃၀)ဦး တက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)