
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးစီးအရာရှိ ဦးဇော်နေလင်းဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် (၁၁.၉.၂၀၂၆)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက်ရှိ “ကြည်သာ” သောက်ရေသန့် စက်ရုံသို့ ဈေးကွက်မရောက်မီကုန်စည်များ အရည်အသွေးပြည့်မီစေရန်ရည်ရွယ်၍ ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။
ထိုသို့ဈေးကွက် မရောက်မီကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံက “ကြည်သာ” သောက်ရေသန့်ထုတ်လုပ်သော လုပ်ငန်းရှင်အနေဖြင့် ဈေးကွက်အတွင်း၌ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိသော ကုန်စည်များကိုသာ ဖြန့်ဖြူးရောင်းချရန် ၊ အရည်အသွေးပြည့်ဝသော သောက်ရေ သန့်များ ထုတ်လုပ်ရရှိရေးအတွက် သန့်ရှင်းစွာအဆင့်ဆင့်ကျိုချက်ပြီးမှသာရောင်းချရန်၊ ရေသန့်ဘူးများ သန့်ရှင်းစွာထားရှိရန်နှင့် နေရောင်ခြည်နှင့်တိုက်ရိုက်ထိတွေ့သောနေရာတွင် မထားရန်၊ စက်ရုံ ပတ်ဝန်း ကျင်တွင်လည်း သန့်ရှင်းမှုရှိစေရန် မှာကြားပါသည်။ “ကြည်သာ” အမှတ်တံဆိပ် သောက်ရေသန့်သည် ကုန်အမှတ်တံဆိပ်စိစစ်ခွင့်ပြုချက် ရရှိထားပြီး ၎င်းပြည့်စုံသော အမှတ်တံဆိပ်ဖြင့်သာ ဈေးကွက် အတွင်းသို့ ဆက်လက်ဖြန့်ဖြူးရောင်းချရန်လိုကြောင်း ရှင်းလင်းဆွေးနွေးအသိ ပညာပေးဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
