ဆိပ်ဖြူမြို့ပေါ်တွင် ဆက်သွယ်ရေးဝန်ဆောင်မှုကဏ္ဍနှင့်စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးစီးအရာရှိ ဦးဇော်နေလင်း ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် (၁၀.၉.၂၀၂၆)ရက်နေ့၊ နံနက်(၀:၀၀)နာရီအချိန်တွင် ဆက်သွယ်ရေးဝန်ဆောင်မှုကဏ္ဍနှင့်စပ်လျဉ်း၍ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း(MPT) ဝန်ထမ်းများနှင့် ပူးပေါင်း၍ စားသုံးသူများ နစ်နာမှုမရှိစေရေး အတွက် ရည်ရွယ်၍ ဆိပ်ဖြူမြို့ပေါ်ရှိ MGT Group Ooredoo (ရုံးခွဲ)နှင့် မြို့ပေါ်ရှိ Mobile (ဖုန်းဆိုင်) များသို့ သွားရောက်၍ အသိပညာပေးဆွေးနွေးပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် လိုင်းပြတ်တောက်မှုူများအား အချိန်မီပြုပြင်ပေးရန်၊ အင်တာနက်လိုင်းဆွဲအား မကောင်းပါက အခြားဝန်ဆောင်မှုဖြင့် အပြည့်အဝဆောင်ရွက်ပေးရန်၊ လစဉ်ကြေးပေးဆောင်ပါသော်လည်း အချိန်မီ လိုင်းတပ်ဆင်ပေးခြင်း ရှိ/မရှိ နှင့် အသုံးမပြုသည့် ဝန်ဆောင်မှုများအတွက် ဘေလ်ဖြတ်တောက်ခြင်း၊  Point ဖြင့် ဒေတာလဲလှယ် ပြီးသော်လည်း ဖုန်းဘေလ်အတွင်းမှ ဖြတ်တောက်ခြင်း၊ စာချုပ်ပါအတိုင်း လိုင်းဝန်ဆောင်မှုမပေးနိုင်ခြင်း၊ ဆင်းကဒ်တွင် မိမိအမည်ဖြင့် မှတ်ပုံတင်ထားသော်လည်း အခြားသူအမည်ပေါက်နေခြင်းများ မဖြစ်ပေါ်စေရေး ဆောင်ရွက်ပေးရန်ဆွေးနွေးခဲ့ပါသည်။ ဝန်ဆောင်မှုနှင့် ပတ်သက်၍ အချက်အလက်များကို ပြည့်စုံ မှန်ကန်စွာချပြရန်နှင့် စားသုံးသူ များမှ အင်တာနက်လိုင်းပြတ်တောက်မှုနှင့် လိုင်းဆွဲအားမကောင်းဖြစ်မှု WiFi ကြိုးလွတ်မှု ဖြစ်ပေါ်၍ ဆက်သွယ်အကြောင်းကြားပါက စားသုံးသူအပေါ်အဆင်ပြေစွာ ပြောဆို ဆက်ဆံရန်နှင့်စိတ်ကျေနပ်မှု ရှိစေရေးဆောင်ရွက်ပေးရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်းသိရှိ ရပါသည်။

DOCA(မကွေး)