
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၇)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးမှူး ဦးမြင့်နောင်(ဦးစီးမှူး)နှင့် ဝန်ထမ်းများ သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ ဝန်ထမ်းများ နှင့်ပူးပေါင်း၍ တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင် (၅) ဆိုင်အား ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးနှင့် ကုန်အညွှန်အမှတ်အသားပြည့်စုံမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ရာတွင် တာချီလိတ်မြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်ခြင်းမရှိသည်ကို စစ်ဆေးတွေ့ရှိရပြီ ကုန်အညွှန်း အမှတ်အသားနှင့် ပြည်စုံသော ကုန်စည်များကိုသာ ရောင်းချသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူများသည် ဆေးဆိုင်ပိုင်ရှင်များအား သက်တမ်းလွန်ဆေးဝါးများနှင့် သက်ဆိုင်ရာဌာနများမှ တားမြစ်ထားသော ဆေးနှင့်ဆေးပစ္စည်းများကို ဈေးကွက်အတွင်း ရောင်းချ ခြင်းမပြုရန်၊ ထုတ်လုပ်သည့်နိုင်ငံ၊ ထုတ်လုပ်/တင်သွင်းသည့် ကုမ္ပဏီ၊ ဆေးဝါးမှတ်ပုံတင်အမှတ်၊ Import Resg-istration No. (IR)များဖော်ပြထားသော ဆေးနှင့်ဆေးပစ္စည်းများကိုသာ ရောင်းချရန်၊ ဆေးဝါးရောင်းချခွင့်လိုင်စင်များ ပုံမှန်သက်တမ်းတိုးရန်၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကို သိရှိလိုက်နာဆောင်ရွက်စေရန်အသိပညာပေးဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပါသည်။
DOCA(ရှမ်း)
