ကော့သောင်းမြို့ အခြေခံပညာကျောင်းများတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်းနှင့် ကျောင်းမုန့်ဈေးတန်းများ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

        ၂၀၂၅ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့ နံနက်(၉:၃၀) အချိန်နှင့် တွင် ကော့သောင်းမြို့ အ.လ.က (၃)ရွှေဟင်္သာစာသင်ကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ စားသုံးသူ ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

   အဆိုပါဟောပြောပွဲတွင် ကော့သောင်းခရိုင် စားသုံးသူရေးရာဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြသီတာမှ စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာလျှင် တောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ တိုင်ကြား နိုင်သည့်နည်းလမ်းများအကြောင်းကို ဟောပြောပို့ချခဲ့ပြီး ကျောင်းမုန့်ဈေးတန်းများအား သက်တန်းလွန်စား သောက်ကုန်များနှင့် စားသုံးရန်မသင့်လျော်သော စားသောက်ကုန်များအားစစ်ဆေးခဲ့ပြီး၊ ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိသောစားသောက်ကုန်များရောင်းချရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းသော စားသောက်ကုန် များရောင်းချရန် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)