သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းမြင့် မြို့နယ်တာဝန်ခံသည် မေလ ၁၆ ရက်က ပုသိမ်မြို့၊ အောင်ချမ်းသာ(၁)လမ်းရှိ ငွေကျားအမှတ်တံဆိပ် ပဲဆီ၊ နှမ်း ဆီ၊ နေကြာဆီ ထုတ်လုပ်ရောင်းချသည့် ဆီစက်ပိုင်ရှင်အားတွေ့ဆုံပြီး စားသုံးဆီရောင်းချမှုနှင့် စပ်လျဉ်း၍ ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)အား ရှင်းလင်းဆွေးနွေးခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော် မြို့နယ်တာဝန်ခံ မသင်းသင်းစိုးနှင့် ဝန်ထမ်းများသည် တိုင်းရင်းဆေးပညာဦးစီးဌာန ၊စည်ပင်သာယာရေးအဖွဲ့များနှင့် ပူးပေါင်း၍ (၁၉.၅.၂၀၂၂) နေ့ ပန်းတနော်မြို့ပေါ်ရှိ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များနှင့် စည်ပင်ဈေးအတွင်းရှိ ဆေးဆိုင်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဘီးလင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ဘီးလင်းမြို့ပေါ်ရှိ ဆေးဆိုင် (၉) ဆိုင်သို့ သွားရောက်၍ Bella Plus Plaster အား ဈေးကွက်အတွင်း ရောင်းချနေခြင်းရှိ/မရှိကို ၂၀၂၂ ခုနှစ်၊ မေလ (၁၇) ရက်နေ့တွင် ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြပါသည်။
ဝန်ဆောင်မှုဆိုသည်မှာ လှုပ်ရှားမှုလုပ်ဆောင်ချက်များ၊ ဖြစ်စဉ်များ၊ စွမ်းဆောင်ရည် လုပ်ဆောင်ချက်များကိုခေါ်သည်။ ဝန်ဆောင်မှုကိုရယူရာတွင် လုပ်ဆောင်ချက်တစ်ရပ်အနေဖြင့် လည်းကောင်း၊ Series အလိုက်သော်လည်းကောင်းရယူသည်။ ဝန်ဆောင်မှုသည် ထိတွေ့ ကိုင်တွယ်၍မရ၊ Customer Service employees တို့ကြားအပြန်အလှန်ဆက်သွယ်မှုရှိသည်။ ဝန်ဆောင်မှုသဘောတရားသည် ရှုပ်ထွေးနက်နဲသည့်အပြင် သိသာထင်ရှားစွာ ဖော်ပြရန် ခက်ခဲ ပါသည်။ ဝန်ဆောင်မှုနှင့်ပတ်သက်သည့် စီမံခန့်ခွဲမှုကို ဆောင်ရွက်ရန်အတွက် ဝန်ဆောင်မှု သဘ
ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်အတွင်းရှိမြို့နယ်များတွင် စားသုံးသူအခွင့်အရေးနှင့် စားသုံးသူအကျိုးစီးပွား ကာကွယ်ရေးဆောင်ရွက်ရန်၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဆောင်ရွက်ရန်၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ၏ အရည်အသွေးစီမံခန့်ခွဲမှုနှင့် သုတေသနလုပ်ငန်းများဆောင်ရွက်ရန် ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် (၁၆.၅.၂၀၂၂)ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ရှိ စွမ်းမြေပဲဆီစက်သို့ သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ကြောင်း သိရှိရပါသည်။ ရေကြည်မြို