သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
28 Feb 2022

       တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ကိုဗစ်ရောဂါတားဆီးထိန်းချုပ်ရေးကော်မတီဝင်များဖြစ်ကြသော ခရိုင်ပြည်သူ့ကျန်းမာရေး၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်စသော သက်ဆိုင်ရာဌာနများပူးပေါင်းအဖွဲ့ဖြင့် ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ(၂၅)ရက်‌နေ့၊ နံနက် (၈း၀၀) အချိန်တွင် မြိတ်မြို့ပေါ်ရှိ စားသောက်ဆိုင်၊ အအေးဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့် ကွမ်းဆိုင်များသို့ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်စေရေး အသိပညာပေးကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

28 Feb 2022

             မော်လမြိုင်ကုန်စည်ဒိုင်၏ လပတ်အစည်းအဝေး (၂/၂၀၂၂)ကို ၁၉.၂.၂၀၂၂ ရက်နေ့ (၁၃း၀၀) နာရီတွင် မော်လမြိုင်ကုန်စည်ဒိုင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာအစည်းအဝေးသို့ မော်လမြိုင်ကုန်စည်ဒိုင် နာယက၊ ဗဟိုအလုပ်အမှုဆောင်များ၊ အလုပ်အမှုဆောင်များ၊ မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မော်လမြိုင်ကုန်စည်ဒိုင်လုပ်ငန်းစဉ်များကို နည်းပညာအရ ပံ့ပိုးကူညီပေးနေသူများ စုစုပေါင်း(၃၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။

28 Feb 2022

          စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးဘောမ်ဇုန်း(ရုံးအုပ်)သည် ၂၃.၂.၂၀၂၂ ရက်နေ့တွင် ဝိုင်းမော်မြို့၊ ရပ်ကွက်(၂)ရှိ ကုန်စုံဆိုင်လုပ်ငန်းရှင်နှင့်‌တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉) အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဌာန်းချက်များနှင့်ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် အသိပညာပေးဆွေးနွေးခဲ့ပါသည်။

28 Feb 2022

           စားသုံးသူရေးရာဦးစီးဌာန၊ အိမ်မဲမြို့နယ်တာဝန်ခံဦးလေးလွင်သည် မြို့နယ်ရေယာဉ်များ စနစ်တကျပြေးဆွဲရေးကြီးကြပ်မှုကော်မတီနှင့် ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ရက်နေ့၊ နေ့လည် (၁၁:၀၀)နာရီအချိန်က အိမ်မဲမြို့၊ ရ.စ.က ရုံးတွင် ရေယာဉ်လုပ်ငန်းရှင်များအား စားသုံးသူ ကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပါသည်။

28 Feb 2022

            စားသုံးသူသည် နေ့စဉ် ကုန်စည်နှင့်ဝန်ဆောင်မှုကို ကိုယ်တိုင်သုံးစွဲမှုအတွက်သော်လည်းကောင်း၊ အခြားသူအတွက်သော်လည်း ရည်ရွယ်၍ ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ကုန်စည်ချေးငှားခြင်းပြုလုပ်သူများ၊ ပေးကမ်းထောက်ပံ့ခြင်းခံရသူများအားလုံးတို့မှလည်းကောင်း သုံးစွဲရကြသည်။ စားသုံးသူများ ကုန်စည်နှင့်ဝန်ဆောင်မှုကို သုံးစွဲကြရာတွင် အဓိက ကိုယ်ကျန်းမာရေး စိတ်ချမ်းသာစေဖို့ စိတ်ပိုင်းဆိုင်ရာနှင့်ရုပ်ပိုင်းဆိုင်ရာ(၂)ခုလုံး စိတ်ချမ်းသာယာမှုရှိပြီး ခန္ဓာကိုယ်ကျန်းမာစေရန်အတွက် ဘေးအန္တရာယ်ကင်းရှင်းစ

Pages