သတင်းနှင့် လှုပ်ရှားမှုများ
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူဗဟိုပြုခန်းမ၌ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပေါင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ Talk Show ကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ ပေါင်မြို့နယ်တာဝန်ခံဦးစီးအရာရှိ ဦးနေဇင်သက်က တက်ရောက်ဆွေးနွေးခဲ့ပြီး ပေါင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒ
မန္တလးတိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေး ခန်းမတွင် ၂၁.၂.၂၀၂၂ ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပြည်တွင်း ထုတ်လုပ်အသုံးပြုမှုမှ ပိုလျှံသည့် ဝါဂွမ်းများအား ပြည်ပတင်သို့ တင်ပို့မှုဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်းသည့် ညှိနှိုင်း အစည်းအဝေးကျင်းပခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင် ၊ ဇီးကုန်းမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၂၁.၂.၂၀၂၂) ရက်နေ့ နံနက် (၁၀:၀၀)နာရီ အချိန်တွင် ပြန်/ဆက်ဦးစီးဌာန Community Center တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show အစီအစဉ် ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ ရေဝေရပ်ကွက် ၊ ရန်ကုန်-ပြည်လမ်း၊ ဆင်ဖြူတော်ဆန်စက်၌ (၂၁.၂.၂၀၂၂) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ဆန်စက်ဝန်ထမ်း(၃)ဦး၊ ဆန်စက်လုပ်သား (၁၀)ဦး ၊ စုစုပေါင်း(၁၃)ဦးတို့အား စားသုံးသူ ကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်အရ အုတ်ဖိုမြို့နယ်တာဝန်ခံ ဦးအေးဇော်ထိုက် ၊ ဒု-ကြီးကြပ်ရေးမှူး ဦးအောင်သိန်းဦး တို့သည်မိုးညိုတန်းရပ်ကွက်နေ ပြည်သူ(၁၀) ဦးအား ၂၁.၂.၂၀၁၁ ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဆောင်ရွက်ခဲ့ပါသည်။