Online စနစ်ဖြင့် ရောင်းချသည့် လူသုံးကုန်ပစ္စည်းဆိုင်သို့ မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

Powered by Drupal

          ၂၀၂၅ ခုနှစ်၊ ဇွန်လ(၁၈) ရက်နေ့ (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်ခင်မာဝေ နှင့် ဒေါ်သင်းစံပယ်ဦးတို့သည် Online Sale စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများကို မြေပြင်နှင့် လုပ်ငန်းမှတ်ပုံတင်ထားရှိမှု ကိုက်ညီမှု ရှိ/မရှိကို  မရမ်းကုန်းမြို့နယ်၊ အမှတ်(၂)၊ အခန်း(၂၀၃)၊ မြိုင်ဟေဝန်အိမ်ရာ၊ MyLittle Deco လူသုံးကုန်ပစ္စည်းလုပ်ငန်းအား မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာ Online စနစ်နှင့် ရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက်၍ အချက်(၁၈) ချက်နှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် Online စနစ်နှင့်ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည်ဝန်ဆောင်မှုဥပဒေ အဖြစ်သတ်မှတ် ထားသည့်အတွက်  လုပ်ငန်းမှတ်ပုံတင်လက်မှတ်များကို ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း အသိပညာ ပေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)