မြန်မာဂိုးဒင်းရော့ခ်အင်တာနေရှင်နယ် ကုမ္ပဏီသို့ မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

Powered by Drupal

       ၂၀၂၅ ခုနှစ်၊ ဇွန်လ(၁၇) ရက်နေ့ (၀၁:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်ခင်မာဝေနှင့် ဒေါ်သင်းစံပယ်ဦးတို့သည် Online Sale ရောင်းချမှုနှင့် စပ်လျဉ်း၍ မှတ်ပုံတင်လျှောက်ထားသည့် လှိုင်မြို့နယ်ရှိ အမှတ်(၁၈)၊ ၆ လွှာ၊ ICT Park ၊ လှိုင်တက္ကသိုလ်၊ ကန်ပတ်လမ်းရှိ မိတ္တူကူးစက်၊ ငွေရေစက်၊ Printer၊ အရောင်း ဆိုင်သို့သွားရောက်၍ Online လုပ်ငန်းများအား မြေပြင်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဆောင် ရွက်ရာတွင် စစ်ဆေးရေးအရာရှိမှ Online စနစ်နှင့် ရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက်၍ အချက်(၁၈)ချက်နှင့် ကိုက်ညီမှု ရှိ/မရှိစစ်ဆေးခြင်းနှင့် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို ဆွေးနွေးရာတွင် Online စနစ်နှင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည်ဝန်ဆောင်မှုဥပဒေ အဖြစ်သတ်မှတ်ထားသည့်အတွက်  အခြားလိုအပ်ချက် အချက်အလက်များအား အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)