အလှကုန်အမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ယုယုလွင်(ကြီး/ရေး)နှင့် ဝန်ထမ်းများသည်  ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် Capital  ဧရာဝဏ်အတွင်းရှိ အလှကုန်ပစ္စည်းအမျိုးမျိုးအား (၁၇-၆-၂၀၂၅) ရက်နေ့၊ နေ့လယ် (၁၄:၀၀) နာရီအချိန်တွင်  သွားရောက်၍ ကွင်းဆင်း အသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

        ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင်  သာကေတမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် Capital  ဧရာဝဏ်အတွင်းရှိ အလှကုန်ပစ္စည်းအမျိုးမျိုးအား ပြည်သူများဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းစေရန်နှင့် ကုန်အညွှန်းအမှတ်အသားတွင် မြန်မာဘာသာဖြင့် လည်းကောင်း၊ မြန်မာဘာသာ နှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ မဖြစ် မနေဖော်ပြရမည့်အချက်များ ပါဝင်မှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် ဈေးကွက်အတွင်းရှိ ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိသည့် အလှကုန်အမျိုးမျိုး အပါအဝင် အခြား ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် ကုန်စည်များကိုလည်း ရောင်းချခြင်း မပြုလုပ်ကြရန်၊ ထိုသို့ ပြုလုပ်မှုအား စစ်ဆေးတွေ့ရှိပါက  စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တာဝန်ခံများအား အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)