သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည် (၂၀.၁.၂၀၂၅)ရက်နေ့ နေ့လယ် (၁၄:၃၀) နာရီအချိန်တွင် ဟင်္သာတမြို့နယ် ဌေးဝင်းဈေးရှိ၊ ဈေးတာဝန်ခံရုံး၌ ကုန်စုံဆိုင်လုပ်ငန်းရှင်များ အားစားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

၂၂.၁.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော မွန်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၅) သို့ စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ရုံးအုပ် ဒေါ်စောကြည် တက်ရောက်ခဲ့ပါသည်။

၂၂.၁.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဦးညီလွင်အေးသည် မုဒုံမြို့နယ်ရှိ “မြန်မာ့တော်ဝင်” ဆန်စက်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

၂၂.၁.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဒေါ်မိုးမိုးသည် ပြည်နယ်ရေနံနှင့်ရေနံထွက်ပစ္စည်းရောင်းဝယ်ရေး၊ ပြည်တွင်းအခွန်ဦးစီးဌာန၊ လမ်းဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ အကောက်ခွန်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာရေးအဖွဲ့ တို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်ရှိ “စွမ်းအား” ဆီဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

၂၃.၁.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကျော်မင်း ဦးဆောင်၍ သထုံမြို့နယ် တာဝန်ခံ ဦးထိန်လင်းထွန်းနှင့် ဝန်ထမ်းများသည် သထုံမြို့နယ်၊ အ.မ.က (ကျောက်တန်း) ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
