သတင်းနှင့် လှုပ်ရှားမှုများ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့၊ မြို့မဈေးတွင် (၂၀.၁.၂၀၂၅)ရက်နေ့၊ နံနက် (၀၈:၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ပွင့်ဖြူမြို့( မြို့မဈေး)အတွင်းနှင့်အပြင်တွင် ပလတ်စတစ်အိတ် ထုတ်ပိုးရောင်း ချခြင်းမရှိစေရန်အတွက် စစ်ဆေးခြင်း၊ ပလတ်စတစ်အစားထိုး သုံးစွဲနိုင်သည့် သတင်းစာစက္ကူ၊ အင်ဖက်၊ ငှက်ပျောဖက်တို့ဖြင့် သုံးစွဲစေ

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့တွင် အခြေခံပညာဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို (၂၁.၁.၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ မြရိပ်ညိုခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင် ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများအဖွဲ့သည် (၁၇.၁.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၃၀) အချိန်တွင် ဒေသတွင်းထုတ်လုပ်လျှက်ရှိသော သစ်သီးယိုစုံ၊ ပေါင်မုန့်/ကိတ်မုန့်၊ ဆီကြော်မုန့် လုပ်ငန်း ရှင်များဆီသို့ သွားရောက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များအား လိုက်နာဆောင်ရွက် ခြင်းဖြင့် မိမိတို့လုပ်ငန်းများ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိပြီး ဈေးကွက်များပိုမိုရရှိနိုင်စေရ

လူသားတို့အသက်ရှင်နေထိုင်ရပ်တည်မှုတွင် စားရေး၊ နေရေး၊ ဝတ်ရေးဟူသည့် ရေး(၃)ပါးရှိ သည့်အနက် စားရေးအတွက် စားသုံးဆီသည် အစဉ်အမြဲလိုအပ်သော စားသောက်ကုန်တစ်မျိုးဖြစ်၍ နိုင်ငံတော်မှ စားသုံးဆီကို အရေးကြီးထုတ်ကုန်တစ်မျိုးအဖြစ် သတ်မှတ်ထားရှိသည်။ သို့ဖြစ်ပါ၍ စားသုံးဆီသည် ပြည်သူ့ကျန်းမာရေး အခန်းကဏ္ဍတွင်သာမက နိုင်ငံတော်၏ စီးပွားရေးအခန်းကဏ္ဍတွင် အဓိကမဏ္ဍိုင်အဖြစ်ရပ်တည်လျက်ရှိသည်။ လူသားတို့ အသက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ရေးအတွက် နေ့စဉ်စားသုံးသော အစားအသောက်များတွင် ပါဝင်အသုံးပြုထားသ
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန် ခံသည် (၂၀.၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပဲအမျိုးမျိုး ရောင်းဝယ်ရေးပွဲရုံများသို့ သွားရောက်၍ ပဲမျိုးစုံရောင်းဝယ်ရေးစျေးကွက်တွင် ပဲများ စျေးနှိမ်ဝယ်ယူခြင်းရှိ/မရှိ ကွင်းဆင်း စစ်ဆေး ခဲ့ကြောင်း သိရသည်။
