သတင်းနှင့် လှုပ်ရှားမှုများ
ကြက်သွန်နီသည် စားဖိုဆောင်၏ အဓိကအသုံးဝင်သော သီးနှံတစ်မျိုးဖြစ်သည်။ မန္တလေးတိုင်းဒေသကြီးရှိ ကုန်စည်ဒိုင်များသို့ အဓိက ဝင်ရောက်သော ကြက်သွန်နီများမှာ မြစ်သားမြို့နယ်၊ မိတ္ထီလာ မြို့နယ်၊မလှိုင် မြို့နယ်များမှဖြစ်ကြောင်းသိရှိရပါသည်။ ကြက်သွန်နီကို ဟင်းခတ်အမွှေးအကြိုင်အဖြစ် ကမ္ဘာ့လူမျိုးပေါင်းစုံတို့တွင် အသုံးပြုကြသည်။ ကြက်သွန်နီဥကို သာမက ကြက်သွန်မြိတ်ကိုလည်းစားသုံးကြသည်။ကြက်သွန်နီသည် မြန်မာ့ဆေးကောင်း တလတ် လည်းဖြစ်ပါသည်။ ကြက်သွန်နီတွင်ပါဝင်သည့် ဓာတ်တိုးပစ္စည်းတွေကြောင့် ဆဲလ်တွေပျက်

စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ မြို့နယ် (၆)မြို့နယ်နှင့် Online စနစ်ဖြင့်ဆောင်ရွက်သော ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း (၁/၂၀၂၅)ကို (၂၁.၁.၂၀၂၅) ရက်နေ့ နံနက်(၀၉:၃၀)နာရီ မှ ညနေ(၁၆:၀၀)နာရီအချိန်ထိ စားသုံးသူရေးရာဦးစီး ဌာနမှအမှုထမ်း(၁၈)ဦးကို လူ့စွမ်းအားအရင်းအမြစ်များတိုးတက်လာစေခြင်း၊ ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ လွယ်ကူလျင်မြန် သွက်လက်လာစေရန်ရည်ရွယ်ခြင်း၊ မိမိတို့ဆောင်ရွက်နေသော ဌာနခွဲများ၏ လုပ်ငန်းစဉ်များကို အခြေခံကျောင်းသား/သူ၊ တက္ကသိုလ်

စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်ဦးစီးမှူးသည် (၂၀.၁.၂၀၂၅)ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ ဇလွန်မြို့ပေါ်ရပ်ကွက်အတွင်းရှိ ရောင်းချသောဆေးဆိုင်များ၌ အိမ်သုံးဆေးဝါးများ ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/ မရှိနှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုရှိ/ မရှိတို့အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

စားသုံးသူရေးရာဦးစီးဌာန မြန်အောင်မြို့နယ်ဦးစီးမှူးသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ မြန်အောင်မြို့၊ မြို့မနေခြည်ဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချသော အသင့်စားမုန့်အမျိုးမျိုးအား (၂၁.၁.၂၀၂၅)ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၂၁.၁.၂၀၂၅)ရက်နေ့ နံနက် (၁၀:၃၀)နာရီအချိန်တွင် လေးမျက်နှာမြို့၊ လဟာကြီးအုပ်စု၊ ကညင်ပင်လှရွာရှိ အုပ်ချုပ်ရေးမှူးအိမ်၌ တောင်ယာစိုက်ပျိုးသူလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းဆောင် ရွက်ခဲ့ကြောင်းသိရသည်။
