သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
27 Jan 2025

          မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့မစျေး၌ (၂၀.၁.၂၀၂၅) ရက်နေ့၊  နံနက်(၀၈:၀၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ကြီးကြပ်မှုဖြင့် မြို့နယ် စည်ပင်သာယာရေး အဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ မြို့မစျေးအတွင်းနှင့်အပြင်တွင် ပလတ်စတစ်အိတ် ဖြင့် ထုတ်ပိုးရောင်းချခြင်းမရှိစေရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ် အိတ် လျော့န

27 Jan 2025

          မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် အခြေခံပညာဦးစီးဌာနနှင့် ဌာနဆိုင် ရာများပူးပေါင်း၍ စားသုံးသူကာကွယ်ပေးရေးအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကို (၂၀.၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် အမှတ်(၂)ဗဟိုကွက်သစ်ကျောင်း၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

27 Jan 2025

          မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် အခြေခံပညာဦးစီးဌာနနှင့် ဌာနဆိုင်ရာ များပူးပေါင်း၍ “လူငယ်နှင့်မူးယစ်အန္တရာယ်” “စားသုံးရန်မသင့်သောအစားအစာများ” အကြောင်း ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို (၁၇.၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် အမှတ် (၈၀)အခြေခံပညာမူလတန်းလွန်ရွှေသူဌေးကုန်းကျောင်း၌ ကျင်းပခဲ့ကြောင်း  သိရသည်။

27 Jan 2025

          စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ခေတ္တပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်း(၁)ဦးသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ( ၂၂ )ရက်နေ့ နံနက်( ၀၈:၃၀ )နာရီအချိန်တွင် လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေးအတွင်းရှိ အသား/ငါးရောင်းချနေသော ဆိုင်များသို့ အသား/ငါးများ သန့်ရှင်းလတ်ဆတ်မှုရှိ/မရှိနှင့် သန့်ရှင်းစွာ ရောင်းချခြင်းစနစ် ရှိ/မရှိ ကို ငါးလုပ်ငန်း၊ မွေးကု၊  စည်ပင်၊ FDA ဌာနများဖြင့်ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးအားဆောင်ရွက်ခဲ့ပါသည်။

27 Jan 2025

          စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံး၊ ထုတ်ကုန် လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၂.၁.၂၀၂၅) ရက်နေ့ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ညောင်လေးပင်မြို့အတွင်းရှိ လက်လီ/ လက်ကား ရောင်းချနေသော ဆန်ဆိုင်များသို့ သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

Pages