သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပေါင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် (၁၁.၂.၂၀၂၂) ရက်နေ့ နံနက်ပိုင်းတွင် ပေါင်မြို့ပေါ်ရှိရန်ကုန်-မော်လမြိုင် လမ်းမကြီး၏ လမ်းဘေးဝဲ/ယာရှိစားသောက်ဆိုင်များ၊ အကြော်ဆိုင်၊ အကင်ဆိုင်များ၌ လတ်ဆတ်သော အစားအသောက်ဖြစ်ရန် ထားသိုနည်း၊ သုံးစွဲနည်း၊ သန့်ရှင်းသပ်ရပ်ခြင်းတို့နှင့်ပတ်သက်၍ စားသုံးသူများဘေးဥပဒ်အန္တရာယ်ကင်းရှင်းစေရေးအကြံပြုဆွေးနွေးခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၄.၂.၂၀၂၂)ရက်နေ့ (၁၀:၀၀) နာရီအချိန်တွင် ဟံသာအေးကျေးရွာ ဦးသန့်ဇင်အောင်၏ နေအိမ်၌ ကုန်မျိုးစုံဆိုင်လုပ်ငန်းရှင်(၈)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးဟောပြောခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်၊ မြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် (၁၄.၂.၂၀၂၂)နေ့နံနက်(၀၉:၀၀မှ၁၀:၁၅)နာရီထိ ညောင်တုန်းမြို့နယ်၊ ရွာဟောင်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို အောင်မြင်စွာကျင်းပ ခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးဦးထွေးသိမ်း၊ မြို့နယ်တာဝန်ခံဦးမင်းဇော်နှင့် စည်ပင်ဈေးစားသုံးသူရေးရာအဖွဲ့တို့နှင့်အတူ ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ(၇)ရက်နေ့တွင် ဖျာပုံမြို့မဈေးရှိ ကုန်မျိုးစုံ အရောင်းဆိုင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)အား စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် ကြိုတင်အသိပေးခြင်းနှင့် ကုန်စည်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဈေးတာဝန်ခံတို့ပါဝင်သော ပူးပေါင်းအဖွဲ့နှင့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ကျိုက်မရောမြို့နယ်၊ စည်ပင်သာယာဈေးကြီးနှင့် ဆုတောင်းပြည့်ဘုရားကြီးရှေ့ရှိမုန့်ဆိုင်များ၊ စားသောက်ကုန်ဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။