သတင်းနှင့် လှုပ်ရှားမှုများ
မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ပြည်သူလူထုထံသို့ ကိုယ်တိုင်အရောက် အသိပညာဖြန့်ဝေရန် အခက်အခဲရှိနေချိန်တွင် Media မှတဆင့် အသိပညာပေးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ(၆)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်၌ အောင်မြေသာစံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်းပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာဆွေးနွေးပွဲ(Talk Show) အားကျင်းပပြုလုပ်ခဲ့ရာ ဦးမျိုးထွန်း(ဦးစီးအရာရှိ)နှင့် အောင်မြေသာစံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၉ ရက် နံနက် ၉ နာရီတွင် Pullman Mandalay Mingalar Hotel မန္တလေးမြို့၌ ပြည်တွင်းချည်မျှင်ထုတ်လုပ်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးညွန့်အောင်နှင့် ချည်မျှင်စက်ရုံလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးထွေးသိမ်း၊ မြို့နယ်တာဝန်ခံ ဦးမင်းဇော်နှင့်ဝန်ထမ်းများသည် ဖျာပုံမြို့နယ် နောက်မီးကျေးရွာ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ၂၀၂၂ခုနှစ်၊ဇန်နဝါရီလ (၃)ရက်နေ့နံနက်(၁၀:၀၀)နာရီတွင် ရေထွက်ပစ္စည်းလုပ်ငန်းရှင်(၃၀)ဦးနှင့်တွေ့ဆုံ၍ ရေထွက်ပစ္စည်းများဖွံ့ဖြိုးတိုး တက်စေရေးဆွေးနွေးခဲ့ကြောင်းသိရသည်။
ဈေးကွက်အတွင်း ဘေးအန္တရာယ်ရှိသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများ၊တားမြစ်ထုတ်ကုန်များဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့်စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းစွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးတို့ကို ရည်ရွယ်ကာ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့်ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show အား၂၀၂၂ ခုနှစ်၊ဇန်နဝါရီလ(၅)ရက်၊နေ့လည် (၁:၃၀)နာရီ၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် လုပ်ငန်းတာဝန်တစ်ရပ်ဖြစ်သော ပြည်တွင်းကုန်သွယ်မှု မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စစ်ကိုင်းခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ဇန်နဝါရီလ ၆ ရက်နေ့က စစ်ကိုင်းမြို့၌ ခေါက်ဆွဲစက် ၂၆ စက်ရှိသည့်အနက် ပါရမီရပ်ကွက်ရှိ စိန်ကြည်ခေါက်ဆွဲစက်လုပ်ငန်းရှင်အား သွားရောက်တွေ့ဆုံခဲ့ပါသည်။