
(၁၂-၆-၂၀၂၅) ရက်နေ့၊ နေ့လယ်(၁၃:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်အေးအေးမော်(ရုံးအုပ်)နှင့် ဝန်ထမ်းများသည် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါ်သင်းနုနုလှိုင် (အထက်တန်းသူနာပြု)နှင့် ဝန်ထမ်းများ၊မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဦးကျော်စိုးလင်းအောင်(လ/ထအုပ်ချုပ်ရေးမှူး)နှင့်ဝန်ထမ်းများနှင့်ပူးပေါင်းပြီး အမှတ်(၂၅၈)၊ပင်လုံလမ်းမကြီး(၃၀)ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်ရှိ J’ Donuts အရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့စစ်ဆေးရာတွင် ဆိုင်အတွင်း အစားအသောက်ကိုင်တွယ်သည့် ဝန်ထမ်းများ သတ်မှတ်ထားသည့် စည်းကမ်းချက်များအတိုင်းလိုက်နာမှု ရှိ/မရှိစစ်ဆေးခြင်း၊ အခွန်ပေးဆောင်ခြင်းရှိ/မရှိ၊သက်ဆိုင်ရာဌာနများ၏ ရောင်းချခွင့်လိုင်စင်ဆောင်ရွက်ထားခြင်း ရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၁)ရှိ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက် ပေးခြင်းကို အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)