သတင်းနှင့် လှုပ်ရှားမှုများ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးမြို့နယ်ရုံးမှ မြို့နယ်တာဝန်ခံ ဦးတင်မျိုးခိုင်(ဦးစီးမှူး)သည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ (၁၅.၁.၂၀၂၅)ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ညောင်ဦးမြို့နယ် မြင်းကပါ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူး ဦးသန်းစိုးသည် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံ စွာပါရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသား လျှောက်ထားစေရေးအတွက် (၁၂.၁.၂၀၂၅) ရက်နေ့၊ နေ့လယ် (၁၅:၀၀) နာရီအချိန်၌ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် ညောင်ဦးမြို့နယ်ရှိ MSME လုပ်ငန်းများနှင့်တွေ့ဆုံ၍ အသိပညာပေးဆွေးနွေးမှုများဆောင်ရွက်ခဲ့ပါသည်။

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ မြို့နယ်စားသုံး သူရေးရာဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းမှုဖြင့် (၇.၁.၂၀၂၅)ရက်နေ့၊ နေ့လယ် ၁၃:၀၀ နာရီအချိန်၌ ကျောက်ပန်းတောင်းမြို့ ၊ လေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

(၁၀.၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၁:၀၀)အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန ရန်ကုန် အရှေ့ပိုင်း ခရိုင်ဦးစီးမှူးရုံးမှ ဦးရန်နိုင်ထွန်း (အငယ်တန်းစာရေး) နှင့် ဝန်ထမ်း(၁)ဦး ၊ အထူးစုံစမ်းရေးစစ်ဆေးရေးဦးစီးဌာန ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ လက်ထောက်အုပ်ချုပ်ရေးမှူး တို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ပင်လုံလမ်း (၃၃) ရပ်ကွက် ၊မြောက်ဒဂုံမြို့နယ်ရှိ ဆန်ရောင်းချသည့် အရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေး ခဲ့ကြကြောင်း သိရှိ

(၁၀.၁.၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၃၀)အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း (ဌာနခွဲစာရေး)နှင့် ဝန်ထမ်း(၁)ဦး၊ အထူးစုံစမ်းရေးစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံး တို့ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် အမှတ်(၂၄)၊ ဗိုလ်မင်းရောင်ဈေး (၄၂)ရပ်ကွက် ၊ မြောက်ဒဂုံမြို့နယ်ရှိ ဆန်လက်လီ၊ လက်ကား ရောင်းချသည့် အရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရှိရပါ သည်။
