သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် တာဝန်ရှိသူများသည် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ (၁၅.၁.၂၀၂၅) ရက်နေ့ နံနက်ပိုင်းတွင် ပဲခူးမြို့နယ်အတွင်းရှိ လက်လီ/လက်ကား ရောင်းချ နေသော ဆန်ဆိုင်၊ ဆန်သိုလှောင်ရုံများသို့ သွားရောက်ကာ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါ သည်။

ရန်ကုန်တိုင်းဒေကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်အတွင်းရှိ စားအုန်းဆီအရောင်းဆိုင်များသို့ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်မှုနှင့်အညီ စားအုန်းဆီဖြန့်ဖြူးရောင်း ချနေမှုအခြေအနေအား ဇန်နဝါရီလ (၁၃)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်းသိရသည်။

ရန်ကုန်တိုင်းဒေကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်ဈေးကွက်အတွင်း နို့နှင့်နို့ထွက်ပစ္စည်းအမျိုးမျိုး တို့တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိအား စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ မြို့နယ်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဇန်နဝါရီလ (၁၃)ရက်နေ့၊ နံနက် (၁၀:၃၀)နာရီတွင်၊ ကမာကဆစ်စည်ပင်သာယာဈေးအတွင်း ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်ဈေးကွက်အတွင်း နို့နှင့်နို့ထွက်ပစ္စည်းအမျိုးမျိုး တို့တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိအား စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ မြို့နယ်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဇန်နဝါရီလ (၁၃)ရက်နေ့၊ နံနက် (၁၀:၃၀)နာရီတွင်၊ တွံတေးမြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်း ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းတာဝန်တစ်ရပ်ဖြစ်သည့် စားသုံးသူကာကွယ်ရေးလုပ်ငန်းနှင့်စပ်လျဉ်းသည့် အသိပညာပေးခြင်း နှင့် သတင်းအချက်အလက်များ ဖြန့်ဝေပေးခြင်းတို့ ဆောင်ရွက်လျက်ရှိပါသည်။
