သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၄)ဦးတို့သည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့ နံနက် (၁၀:၃၀)နာရီအချိန်တွင် စစ်ကိုင်းမြို့၊ ရွှေမင်းဝံရပ်ကွက်၊ အမှတ် ဌ/၁၁၁ တွင် တည်ရှိသည့်Triple Circle Industry Co;Ltd ၏ လျှပ်စစ်ဝါယာကြိုးအမျိုးမျိုး ထုတ်လုပ်သည့်စက်ရုံသည် လုပ်ငန်းအတွက် လိုအပ်သောကုန်ကြမ်းပစ္စည်းများ တင်သွင်းနိုင်ရေး သွင်းကုန်လိုင်စင် လျှောက်ထားမှုနှင့် စပ်လျဉ်း၍ မြေပြင်တွင် စက်ရုံလည်ပတ်ခြင်းရှိ/ မရှိ၊ ကုန်ထုတ်လုပ်မှုအခြေအနေ၊ အမှန်တကယ် ကုန်ကြ

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်း ဘိလပ်မြေအရောင်းဆိုင်များသို့ ပစ္စည်းပြတ်လပ်မှုရှိ/မရှိနှင့် ဈေးနှုန်းဈေးကွက် အခြေအနေအား ဇန်နဝါရီလ (၉)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ကော့မှူးမြို့နယ်ရပ်ကွက်များရှိ အိမ်ဆောက်ပစ္စည်း ဖြန့်ဖြူးရောင်းချလျှက်ရှိသောကုန်မာဆိုင်များသို့ ဈေးနှုန်းအတက်အကျဖြစ်ရသည့် အကြောင်းအရင်းအား သိရှိနိုင်ရန် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူပြည်သူများအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် အစဉ်ဆောင်ရွက်လျှက်ရှိပါသည်။ စားသုံးသူများအတွက် လုံခြုံစိတ်ချရမှုမရှိသောကုန်စည်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉)၊ အခန်း(၁၈) ပုဒ်မ ၄၁ ပါ ကုန်အညွှန်းအမှတ်အသားများနှင့် ပြည့်စုံမှုမရှိသောကုန်စည်များ ထုတ်လုပ်ဖြန့်ဖြူးခြင်း၊ ဈေးကွက်အတွင်း တင်သွင်းရောင်းချခြင်းမရှိစေရ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် ဇန်နဝါရီလ (၉)ရက်နေ့၊ နေ့လည် (၁၃:၃၀)အချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ခရမ်းမြို့နယ်စည်ပင်သာယာမြို့မဈေးအတွင်းရှိ နို့နှင့်နို့ထွက် ပစ္စည်းအမျိုးမျိုးရောင်းချလျှက်ရှိသော ကုန်စုံဆိုင်များအား ကုန်စည်တွင်ထည့်သွင်း ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေး ခဲ့ပါသည်။

(၁၀-၁-၂၀၂၅) ရက်နေ့ ၊ နံနက်(၁၀:၃၀) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန ၊ ရန်ကုန် အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမင်းမင်းစိုး (ဌာနခွဲစာရေး) နှင့် ဦးသိန်းထွန်း (ဌာနခွဲစာရေး) တို့သည် မင်္ဂလာတောင်ညွှန့်မြို့နယ် ၊ ရွှေပြည့်စုံဈေးအတွင်းရှိ ခိုင်ရွှေဝါ ၊ကေကေ၊သစ်ခွ စသည့် ဆေးဆိုင်များ ၏ ဆေးဝါးရောင်းချမှုအခြေအနေ ၊ ဆေးဝါးပြတ်လပ်မှု ရှိ/မရှိ အခြေအနေ ၊ ဆေးနှင့်ဆေးပစ္စည်းများ၏ ဈေးနှုန်းအတက်အကျအခြေအနေတို့ကို သိရှိနိုင်ရန်အတွက် ဈေးစည်ပင်သာယာရေးအဖွဲ့ဝင် များဖြင့်ပူးပေါင်းကွင်းဆင်
