သတင်းနှင့် လှုပ်ရှားမှုများ
ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ ညွှန်ကြားချက် အရ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဝင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးလှစိုး (လက်ထောက်ညွှန်ကြားရေးမှူး) ၊ ကုန်သွယ်ရေးဦးစီးဌာနမှ ဦးအောင်မင်းကျော်(ဦးစီးအရာရှိ) ၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ကြီးကြပ်ရေးမှူး ဦးဝင်းနိုင် နှင့် အကောက်ခွန်ဦးစီးဌာနမှ အကောက်ခွန်မှူး ဦးထက်ခိုင် တို့ ပါဝင်သော အဖွဲ့များသည် ၇.၁.၂၀၂၅ ရက်နေ့ ၊ နံနက် (၁၀

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ တိုင်းဒေသကြီးကွပ်ကဲမှု အောက်ရှိ ခရိုင်ဦးစီးမှူးရုံးများအနေဖြင့် စက်မှုဇုန်များတွင် ပြည်တွင်းကုန်သွယ်မှုကဏ္ဏ ဖွံ့ဖြိုး တိုးတက်ရေးနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရန် ဆိုသည့်ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှုလုပ်ငန်းများလုပ်ကိုင်ရာတွင် အခက်အခဲများ မရှိ စေရေးအတွက် ခရိုင်အတွင်းစက်မှုဇုန်များရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး ခဲ့ကြ ကြောင်း သိရ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်ရှိ ကျောင်းသား၊ ကျောင်းသူများ အား ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်း၍ ရွေးချယ် ဝယ်ယူသုံးစွဲ တတ်စေရန် ရည်ရွယ်၍ ဇန်နဝါရီလ(၇)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် အမှတ်(၈)ရပ်ကွက် အခြေခံပညာမူလတန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကျင်းပခဲ့ ကြောင်းသိရသည်။

၂၀၂၅ခုနှစ် ဇန်နဝါရီလ (၈)ရက်နေ့၊ နေ့လယ်(၁၂:၀၀)နာရီအချိန်တွင် ခရမ်းမြို့ရှိ ဆေးဆိုင်များတွင် ရောင်းချလျှက်ရှိသော တိုင်းရင်းဆေးဝါးများတွင် မှတ်ပုံတင်ထားခြင်းရှိ/မရှိ၊ ထုတ်လုပ်ခွင့် လိုင်စင်သက်တမ်းတိုးဆောင်ရွက်ခြင်းမပြုဘဲ ဈေးကွက်အတွင်းဆက်လက် ထုတ်လုပ်ရောင်းချခြင်း ရှိ/မရှိနှင့် တိုင်းရင်းဆေးဦးစီးဌာနမှ ထုတ်ပြန်ထားသော တားမြစ် ဆေးဝါးများ ရောင်းချမှုမရှိစေရေး တို့ကို မြို့နယ်တိုင်းရင်းဆေးဦးစီးဌာနမှ တိုင်းရင်းဆေးမှူး၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် မြို့နယ်စည

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်ရှိ ရပ်ကွက်များတွင် UPG အမှတ်တံဆိပ် အိမ်သုတ်ဆေး ပစ္စည်းပြတ်လပ်မှုရှိ/မရှိ ဇန်နဝါရီလ (၇)ရက်နေ့၊ နေ့လယ်(၁၀:၀၀) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
