သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
21 Jan 2025

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း၊ အပြင်နှင့်ရပ်ကွက်များရှိ စားသုံးဆီအမျိုးမျိုးကိုဖြန့်ဖြူးရောင်းချလျှက်ရှိသော ကုန်ခြောက်ဆိုင် များသို့ ဇန်နဝါရီလ (၇)ရက်နေ့၊ နေ့လယ်(၁၁:၃၀)အချိန်တွင် ရောနှောဆီအပါအဝင် အမှတ်တံဆိပ်ပါ ပြည်တွင်းထုတ်စားသုံးဆီများ ဖြန့်ဖြူးရောင်းချနေမှု အခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

21 Jan 2025

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်းရှိ စားသုံးဆီအမျိုးမျိုး ဖြန့်ဖြူးရောင်းချနေသော ကုန်မျိုးစုံ၊ ကုန်ခြောက်ဆိုင်များသို့ ရောနှောဆီ အပါအဝင် ပြည်တွင်းထုတ်အမှတ်တံဆိပ်ပါ စားသုံးဆီများတွင် FDA ထောက်ခံချက်ရှိ/မရှိအား ဇန်နဝါရီလ (၆)ရက်နေ့၊ နေ့လည် (၁၄:၀၀)နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

21 Jan 2025

           ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့၊  ၀၉:၀၀ နာရီအချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ ရေးလမ်းရှိ ရတနာဦး ကားဂိတ်ယာဥ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်း၏ စီစဥ်မှုဖြင့် Kaung Hlyan New Asia Co,Ltd မှ စားအုန်းဆီ ၁ ပေပါ လျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၈၄) ပေပါကို ယာဥ်မောင်း ဦးအောင်ကျော်ကျော်၊ ယာဉ်အမှတ် 7M-2226/Hino အမျိုး အစားမော်တော်ယာဥ်ဖြင့်လည်းကောင်း အလားတူ ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ ရေးလမ်းရှိ ဟိုင်းဝေးကားဂိတ်ယာဥ်ရပ်နားစခန်

21 Jan 2025

          ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့၊  (၁၅:၃၀)နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် တိုင်းဒေသကြီးဦးစီးမှူးမှ ရုံးအဆောက်အဦ၊ ဌာနပိုင်သိုရုံများ မီးအာမခံထားရှိမှုများနှင့်ပတ်သက်၍ မြန်မာ့အာမခံလုပ်ငန်းမှ တိုင်းဒေသကြီးတာဝန်ခံနှင့် တွေ့ဆုံ ဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

21 Jan 2025

          ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့၊  (၁၃:၀၀)နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် တိုင်းဒေသကြီးဦးစီးမှူးမှ ကုန်အညွှန်းအမှတ်အသား ဖော်ပြ ခြင်းနှင့်စပ်လျဥ်း၍ ထားဝယ်မြို့မှ မလိငပိအမှတ်တံဆိပ် ငပိထောင်း ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသည့် လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

Pages