သတင်းနှင့် လှုပ်ရှားမှုများ
(၇၇)ကြိမ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို နေပြည်တော် ခပေါင်းကွင်း၌ စည်ကားသိုက် မြိုက်စွာ ကျင်းပမည်ဖြစ်ရာ တနင်္သာရီတိုင်းဒေသကြီးမှ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲယှဥ်ပြိုင်နိုင်ရေး တိုင်းဒေသကြီး MSME အစည်းအဝေးအား ဥက္ကဋ္ဌ၊ စီးပွားရေးရာဝန်ကြီးမှ ဦးဆောင် ၍ ၁၄.၁.၂၀၂၅ ရက်နေ့၊ နံနက်(၁၀း၀၀)နာရီ အချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ (၃)ထပ်ဆောင် အစည်းအဝေးခန်းမကျင်းပပြုလုပ်ရာ အဖွဲ့ဝင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီး မှူးမှလည်း တက်

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့ နေလယ် (၁၃:၀၀) နာရီအချိန်တွင် ကန့်ဘလူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာန၊ မြို့မရဲစခန်းစသည့် ပူးပေါင်းအဖွဲ့သည် ကန့်ဘလူမြို့၊ အမှတ်(၃)၊ (၅)ရပ်ကွက်ရှိ စက်သုံးဆီဆိုင်များအားကွင်းဆင်း၍ စက်သုံးဆီရောက်ရှိမှု၊ အချိန်အတွယ်မှန်ကန်မှုရှိ/ မရှိနှင့် စက်သုံးဆီလက်ကျန်တို့အား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့၊ ၉:၀၀ အချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင် ရပ်ကွက်၊ ရေးလမ်းရှိ ဆက်ဟိန်းကားဂိတ် ယာဥ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်း၏ စီစဥ်မှုဖြင့် Kaung Hlyan New Asia Co,Ltd မှ ၁ ပေပါ လျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ (၈၄) ပေပါကို ယာဥ်မောင်း ဦးမင်းကိုကို ယာဉ်အမှတ် 3E-3189 HINO မော်တော်ယာဥ်နှင့် ၉း၃၀ အချိန်တွင် ရေးလမ်းရှိ ဟိုင်းဝေးစတားကားဂိတ် ယာဥ်ရပ်နားစခန်းသို့ Myanmar Oil Alliance Co,Ltd

၂၀၂၅ ခုနှစ် ၊ ဇန်နဝါရီလ ၁၁ ရက်နေ့၊ (၁၄း၃၀)နာရီ အချိန်တွင် ထားဝယ်မြို့၊ စားသုံးသူ ရေးရာဦးစီဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် အွန် လိုင်းရောင်းချမှုနှင့်စပ်လျဥ်း၍ မှတ်ပုံတင်လျှောက်ထားသည့် ထားဝယ်မြို့ပေါ်ရှိ အဝတ်အထည်၊ ဖက်ရှင်အသုံးအဆောင်ပစ္စည်းများ၊ အလှကုန်နှင့် ကျန်းမာရေးဆိုင်ရာအထောက်အကူပြုပစ္စည်းများ ရောင်းချလျက်ရှိသည့် Online လုပ်ငန်းများအား မြေပြင်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။
၁၆.၁.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံမြို့နယ် ပဲမျိုးစုံစိုက်ပျိုးသော ကျိုက္ကော်ကွင်းသို့ သထုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးစီးအရာရှိ ဦးထွန်းအောင်ဖြူ နှင့် ဝန်ထမ်းများက ကွင်းဆင်းလေ့လာခဲ့ကြောင်းသိရသည်။
