သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံမှ ( ၇ - ၁ - ၂၀၂၅ )ရက်နေ့၊ နံနက် (၁၀:၃၀)မိနစ်တွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ဟင်္သာတမြို့ပေါ်ရှိ ဘိလပ်မြေ ရောင်းချနေသောဆိုင်များအား ပစ္စည်းပြတ်လပ်မှုနှင့် ဈေးနှုန်းအတက်၊ အကျ ရှိ/ မရှိ အခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်ဦးစီးမှူးသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း ၍ (၁၁.၁.၂၀၂၅)ရက်နေ့၊ နံနက်(၈:၃၀)အချိန်တွင် ဇလွန်မြို့ ဗိုလ်ချုပ်လမ်း၊ လမ်းမတော်(မ) ရပ်ကွက်နှင့် မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင်ရောင်းချသော ဗူးသွပ်ဆီများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကိုဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် မော်ကျွန်းမြို့နယ် တာဝန်ခံ ဦးမင်းဇော်လတ်သည် (၁၀.၁.၂၀၂၅ရက်နေ့ နေ့လယ်(၁၃:၃၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့နှင့်ပူးပေါင်းကာ စားသုံးသူပြည်သူများအား မော်ကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် စားသုံးသူအသိပညာပေး Talk Show ပြုလုပ်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်ဦးစီးမှူးသည်(၇.၁.၂၀၂၅)ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် ဇလွန်မြို့နယ်၊ စက်ကြီးလမ်း၊ ညောင်ပင်ဈေးရပ်ကွက်ရှိ “ငွေပန်းချီ” မရွေးလုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၁-၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် စက်မှုလုပ်ငန်းများ၌ အသုံးပြုနိုင်ရေး ရောင်းချပေးသော စက်မှုလုပ်ငန်းသုံးစားအုန်းဆီများကို မြို့နယ်အသီးသီးသို့ စနစ်တကျထုတ်ယူနိုင်ရေးနှင့် သတ်မှတ်ဈေးနှုန်းအတိုင်း ငွေချေဝယ်ယူနိုင်ရန်အတွက် လစဉ် စိစစ်ဆောင်ရွက်လျက်ရှိပြီး မိမိတို့၏လုပ်ငန်းများ၌ အမှန်တကယ်အသုံးပြုမှုရှိ/ မရှိကို မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
