ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး  ဦးဇေယျာအောင် (လက်ထောက်ညွှန်ကြားရေးမှူး)ဦးဆောင်၍ ဦးရဲရင့်ဖြိုး(အကြီးတန်းစာရေး)တို့သည် ၂၇-၄-၂၀၂၆ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ ခေမာသီရိရပ်ကွက် အတွင်းရှိ လက်လီ/ လက်ကား ဖြန့်ဖြူးရောင်းချသော အဓိပတိ(ဆေးဆိုင်)သို့ သွားရောက်၍ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချ ရမှုရှိစေရေး၊ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူ ကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ကိုက်ညီမှုရှိ/မရှိ ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် Oramin-Gအမှတ်တံဆိပ်ပါ အားဆေးတွင် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့်ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင် ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်း မှုအညွှန်းနှင့် ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့ ပြည့်စုံစွာဖော်ပြပါရှိကြောင်း စစ်‌ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင် လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့် ကုန်စည်များဈေးကွက်အတွင်း ရောင်း ချခြင်းမပြုလုပ်ရန်နှင့် ဆင်တူရိုးမားအတုအပ အမှတ်တံဆိပ်များ ရောင်းဝယ်ခြင်းမပြု လုပ်ကြရန် တို့ကိုအသိပညာပေး ဆွေးနွေးခဲ့ပြီးကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင် များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)