သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
20 Jan 2025

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်မြခရိုင် ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍(၁၀-၁-၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် ဝါးခယ်မမြို့မဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသော ကုန်မျိုးစုံများအား ကုန်အညွှန်းအမှတ်အသားဖော်ပြချက် ပြည့်စုံခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

20 Jan 2025

         (၁၁.၁.၂၀၂၅) ရက်နေ့ နံနက်(၁၀:၀၀) နာရီက ဓနုဖြူမြို့ပေါ် ရပ်ကွက်(၃)တွင် အိမ်ဆောက်ပစ္စည်း အမျိုးမျိုးရောင်းချသော  ဦးဟန်မြင့်+ဒေါ်အမာစိန်၊ အဏ္ဏဝါ၊ စူပါအောင် ဘိလပ်မြေအရောင်း ဆိုင် ၃ ဆိုင်သို့သွားရောက်၍ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ဓနုဖြူမြို့နယ် အတွင်းရောင်းချနေသော ဘိလပ်မြေဈေးနှုန်း ဈေးကွက်အခြေအနေ၊ ဘိလပ်မြေဝယ်ယူရောင်းချမှု ပြတ်လပ်မှုရှိ/ မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်းသိရသည်။

20 Jan 2025

            ၁၁.၁.၂၀၂၅ ရက်  နံနက် (၀၉း၀၀) နာရီအချိန်တွင် ဓနုဖြူမြို့နယ် ၂၀၂၄-၂၀၂၅ ခုနှစ်၊ နွေစပါးရာသီ ကန်ထရိုက်လယ်ယာနှင့် မျိုးစေ့ထုတ်လယ်ယာ တောင်သူများအား စိုက်ပျိုးစရိတ်ပေးအပ်ပွဲ ကို ဓနုဖြူမြို့နယ် ကဥ္စနကျွန်းသာကုမ္မဏီ အစည်းအဝေးခနိးမတွင်း ကျင်းပပြုလုပ်ခဲ့ရာ မအူပင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှ ခရိုင်အုပ်ချုပ်ရေးမှုးနှင့်အဖွဲ့၊ အခြားဌာနဆိုင်ရာများ၊ စားသုံးသူရေးရာဦးစီးဌာနမှ  ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းထွန်းနှင့် မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ တက်ရောက်

20 Jan 2025

            ခနောင်ကျေးရွာ အခြေခံမူလတန်းကျောင်းတွင်  ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၁၀)ရက် နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ကျောင်းသား/ ကျောင်းသူ (၇၅)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောကျင်းပခဲ့ကြောင်းသိရသည်။

20 Jan 2025

          ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန် ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ(၉)ရက်မေ့ နေ့လယ်(၁၁:၀၀)နာရီအချိန်တွင်ဒေးဒရဲမြို့ ထောင်မှူးချောင်ကျေးရွာရှိ အောင်ကျော်ဈျာန်ဆန်စက်တွင် လုပ်သားပြည်သူ(၂၅)ဦးတို့စားသုံသူကာ ကွယ်ရေးအသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

Pages