ဆီစက်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအကြောင်း အသိပညာပေး Talk Show ပြုလုပ်ခြင်း

Powered by Drupal

       ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့သည် စိုက်ပျိုးရေး၊ မွေးမြူရေးအခြေခံသော စီးပွားရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်လျက်ရှိပြီး ယခုအခါတွင် ထိုလုပ်ငန်းများကိုအကြောင်းပြု၍ MSMEs လုပ်ငန်းများတွင် ပါဝင်သော ဆီစက်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

          သာပေါင်းမြို့နယ်တွင် လက်ရှိလုပ်ကိုင်နေသော ဆီစက် (၉) လုံးရှိပြီး၊ အသစ်ထပ်မံတည် ဆောက်နေသော (၁) လုံး၊ စုစုပေါင်း (၁၀) လုံးရှိကြောင်းပြောကြားခဲ့ပြီး၊ ယခုအခါ နည်းပညာဖွံ့ဖြိုးတိုးတက်မှု့နှင့် အတူ စက်ဖြင့်လည်ပတ်သော ဆီစက်များပေါ်ထွက်လာသဖြင့် နွားဖြင့်လည်ပတ်သော ဆီစက်များ အရေအတွက်နည်းပါးလာကြောင်း အသိပညာပေးပြောကြားခဲ့ပါသည်။ မြိုု့နယ်အနေဖြင့် ဆီဖူလုံမှု့ (၃၅ ရာနှုန်းမှ ၃၈ ရာနှုန်း)ရှိကြောင်း အခြားဌာနမှသိရှိရပြီး ဆီဖူလုံမှု့မရှိသောကြောင့် စားအုန်းဆီကိုသာအသုံးပြုလျက်ရှိကြောင်း၊ စားအုန်းဆီဈေးသည် မြေပဲဆီဈေးထက်သက်သာခြင်း၊ မြေပဲစိုက်ပျိုးရာတွင် ကုန်ကျစရိတ်များခြင်းကြောင့် မြေပဲဆီဈေးနှုန်း (၁) ပိဿာ (၂၂၀၀၀ မှ ၂၅၀၀၀) ကျပ်အထိရှိကြောင်း၊ ဈေးကွက်အနေဖြင့် နီးစပ်ရာ ရေကြည်မြို့၊ ပုသိမ်မြို့သို့ပို့ဆောင်ပြီး၊ မြေပဲကုန်ကြမ်းအား ဒေသတွင်းတောင်သူထံမှရရှိကြောင်းအသိပညာပေး Talk Show ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)