ကြက်သွန်နီပို့ကုန်တိုးမြင့်ရေး  စားဖိုဆောင်သီးနှံလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာန တို့သည် ၂၀၂၆ခုနှစ်၊ ဧပြီလ(၂၇)ရက်နေ့တွင် မြိတ်ခရိုင်စားဖိုဆောင်လုပ်ငန်းရှင်များအသင်မှ တာဝန်ရှိသူများအား မြိတ်မြို့၊ ကမ်းနားလမ်းရှိ ကုန်သွယ်ရေးဦးစီးဌာနရုံး၌ ခေါ်ယူ၍ ပို့ကုန်တိုးမြှင့် နိုင်ရေးတွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်းသိရှိရပါ သည်။

    တွေ့ဆုံဆွေးနွေးရာတွင် မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ဦးမျိုးဝင်းမှ ပြည်တွင်း၌ စိုက်ပျိုးထွက်ရှိသော စားဖိုဆောာင်သီးနှံများဖြစ်သည့် ကြက်သွန်နီ၊ ငရုတ်နှင့် ပဲမျိုးစုံတို့ အား နိုင်ငံခြားငွေရရှိစေရေးအတွက် ယိုးဒယား(ထိုင်း)နိုင်ငံသို့ တင်ပို့ရောင်းချနိုင်ရေးဆွေးနွေးခဲ့ကြ ကြောင်းသိရှိရပါသည်။ ထိုကဲ့သို့ ပြည်ပတင်ပို့နိုင်ရေးအတွက် စားဖိုဆောင်သီးနှံလုပ်ငန်းရှင်များ အသင်းမှလည်း အသင်း၏ရည်မှန်းချက်ဖြစ်ကြောင်းနှင့်  စိတ်ပါဝင်စားပါကြောင်း၊ တစ်ဘက်နိုင်ငံမှ ဝယ်လက်အားချိတ်ဆက်ပေနိုင်ပါက ပိုမိုအောင်မြင်မည်ဖြစ်ပြီး ဒေသတွင် ဝယ်ယူသိုလှောင်၍ လာရောက်ဆောင်ရွက်မည်ဆိုပါက ပိုမိုအောင်မြင်မည်ဖြစ်ကြောင်းဆွေးနွေးခဲ့ရာ မြိတ်ကုန်သွယ်ရေး စခန်းတာဝန်ခံမှ ယိုးဒယား (ထိုင်း) နိုင်ငံရှိ စီးပွားရေးသံမှူးနှင့် ချိတ် ဆက်ကူညီဆောင်ရွက်ပေး သွားမည်ဖြစ်ပြီး၊ ပြည်ပတင်ပို့နိုင်ရေးလိုအပ်သောအချက်များအား ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြပါသည်။

DOCA(တနင်္သာရီ)