သတင်းနှင့် လှုပ်ရှားမှုများ
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံသီးထပ်စိုက်ပျိုး ရာသီတွင် ပဲတီစိမ်းသီးနှံစိုက်ပျိုးခြင်းကို တစ်မြို့နယ်လုံးအတိုင်းအတာအနေဖြင့် ဧက (၁၄၉၃၆၃) စိုက်ပျိုးရန်လျာထားပြီး ဒေသခံတောင်သူများက ယခုနှစ်နိုဝင်ဘာလမှ စိုက်ပျိုးခဲ့ရာ လက်ရှိအချိန်အထိ (၁၃၉၅၇၆)ဧက ဖြစ်ထွန်း အောင်မြင်စွာဖြင့် စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်ရပ်ကွက်များတွင် နို့နှင့်နို့ထွက်ပစ္စည်း အမျိုး မျိုးရောင်းချသည့်ဆိုင်များသို့ နို့နှင့်နို့ထွက်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁၃)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းများ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံနှင့်ဝန်ထမ်းများပူးပေါင်း၍ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်မှုနှင့်အညီ ရန်ကုန် တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ စားအုန်းဆီဆိုင်များသို့ စားအုန်းဆီဖြန့်ဖြူး ရောင်းချ နေမှုအခြေအနေအား ဇန်နဝါရီလ (၁၃)ရက်နေ့၊ နေ့လည် (၁၁:၀၀)နာရီအချိန်တွင် မြေပြင်ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း (ဌာနခွဲစာရေး)နှင့် ဝန်ထမ်းများသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ သက်ဆိုင်ရာမြို့နယ်ဈေးများ ဌာနနှင့်ပူးပေါင်း၍ (၁၀.၁.၂၀၂၅)ရက်နေ့တွင်ဒဂုံ ဆိပ်ကမ်းမြို့နယ်အတွင်းရှိ စားအုန်းဆီ ရောင်းချသည့် လက်လီဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန ၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ ၊ ဈေးများဌာနနှင့် ပူးပေါင်း၍ (၁၀.၁.၂၀၂၅) ရက်နေ့ တွင် မြောက်ဒဂုံ မြို့နယ်အတွင်းရှိ စားအုန်းဆီ ရောင်းချသည့် လက်ကားဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း များ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။
