သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် နမ့်စန်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ (၇.၁.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် နမ့်စန်မြို့ပေါ်ရှိ ဆန်အရောင်းဆိုင်များသို့ သွားရောက်၍ ဆန်ရောင်းချဖြန့်ဖြူးနေမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့၊ နံနက် (၁၀း၃၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ထားဝယ်မြို့ပေါ်ရှိ ဘိလပ်မြေအရောင်း ဆိုင်ကြီးများသို့ သွားရောက်စစ်ဆေးခဲ့ပါသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ၊ ၈ ရက်နေ့၊ နေ့လယ်(၁၄း၀၀)နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့ တို့ ဖြင့်ပူးပေါင်း၍ ပြည်တွင်းစားဆန်စျေးနှုန်းများ သင့်တင့်မျှတစွာဖြင့် တည်ငြိမ်မှန်ကန်စေရေးအတွက် ထားဝယ်မြို့ပေါ်ရှိ ဆန်အရောင်းဆိုင်ကြီးများအား စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်းရှိ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ညွှန်ကြားမှုဖြင့် စားသုံးသူ ရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဈေးကွက်အတွင်း ခရမ်းမြို့နယ်တာဝန်ခံနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ဖြင့် ပူးပေါင်း ၍ ခရမ်းမြို့စည်ပင်သာယာမြို့မဈေးရှိဈေးဆိုင်များရှိ အမှတ်(၁၁)ရပ်ကွက်ရှိ အောင်ရတနာဆီစက်များရှိ ပြည်တွင်းထုတ်အမှတ်တံဆိပ်ပါ စားသုံးဆီများအား (၂၀၂၄)ခု

၇.၁.၂၀၂၅ ရက်နေ့ နံနက် (၁၀:၃၀)နာရီအချိန်တွင် မှော်ဘီမြို့နယ်ခွဲရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးပါ (၂)ဦးတို့သည် တပ်ကြီးကုန်းရပ်ကွက်အတွင်းရှိဆိုင်များသို့ နို့နှင့်နို့ထွက်ပစ္စည်း အမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
