သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
17 Jan 2025

          မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းသည် တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်မှုဖြင့် လစဉ် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ (၆-၁-၂၀၂၅)ရက်နေ့၊ နံနက်(၀၈း၃၀)နာရီအချိန်တွင် မိတ်ဖက်ဌာနများ ဖြစ်သည့် ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့တို့နှင့်အတူ သရက်မြို့၊ မြို့မစည်ပင်သာယာဈေးအတွင်းရှိ ကုန်မျိုးစုံရောင်းချသည့် ကုန်စုံဆိုင် (၃)ဆိုင်အား ဈေးကွက် စောင့်

17 Jan 2025

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံး လက်အောက်ရှိ ကျွန်းလှမြို့နယ်တာဝန်ခံရုံး အနေဖြင့် စားသုံးသူအခွင့်အရေးနှင့် အကျိူးစီးပွားကာကွယ်ရန်အတွက် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ကို ဆောင်ရွက်လျှက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ(၆)ရက်နေ့၊ နံနက်(၀၈;၀၀)နာရီ အချိန်တွင် ကျွန်းလှမြို့နယ်တာဝန်ခံသည် ကျွန်လှမြို့ သစ်ရာမြိုင်ရပ်ကွက်ရှိ “KKH” စက်သုံးဆီ အရောင်းဆိုင် လုပ်ငန်းရှင်နှင့် သွ

17 Jan 2025

နတ်ဆေးပင် (ခေါ်) ရှားစောင်းလက်ပပ်အပင်ကို ကျမတို့ စစ်ကိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများ၊ နေအိမ်များတွင် အများအပြား စိုက်ပျိုးလာကြသည်ကို တွေ့ရှိ ရပါတယ်၊ ရှားစောင်း လက်ပပ်အပင်သည် မြေကြီးအစိုဓာတ်အသင့်အတင့်ရရှိရုံဖြင့် စိုက်ပျိုးနိုင်ပြီး နေ့စဉ်လုပ် အားခမကုန်၊ ရင်းနှီးစရိတ်မကုန်ဘဲ ဝင်ငွေရရှိနိုင်တဲ့ အပင်လည်း ဖြစ်ပါတယ်။ အိမ်တိုင်းအိမ်တိုင်းမှာ စိုက်ထား သင့်တဲ့ အပင်ဖြစ်ပြီး နတ်ဆေးပင်(ခေါ်) ရှားစောင်းလက်ပပ် အစွမ်း အံ့မခန်းပုံကို တွေ့ရှိရမှာ ဖြစ်ပါတယ်။

17 Jan 2025

        စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဉီးစီးမှူး ဦးသန်းဦးနှင့် ဝန်ထမ်းများသည် ၁၀-၁-၂၀၂၅ ရက်၊ သောကြာနေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဘားအံတက္ကသိုလ်ကျောင်း၊ ငုရွှေဝါခန်းမတွင် (ကျောင်းသား၊ကျောင်းသူ)များအား စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာအကြောင်းများကို အသိပညာပေးဟောပွဲကျင်းပ ခဲ့ကြောင်းသိရှိရသည်။

17 Jan 2025

             စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ခေတ္တပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်း(၂)ဦးသည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ(၂၇)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေးအတွင်းရှိ စားသောက်ကုန်/ လူသုံးကုန်အရောင်းဆိုင်များ၌ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏(၂/ ၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသား     သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/ မရှိ မိတ်ဖက်ဌာနများဖြင့် ဈေးကွက်စောင့်ကြည့်စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

Pages