သတင်းနှင့် လှုပ်ရှားမှုများ
၁၄.၁.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တာဝန်ခံ အကြီးတန်းစာရေး ဦးစိုးညီညီသည် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ကျိုက်မရောမြို့နယ်ရှိ ဆန်ဂိုဒေါင်များနှင့် ဆန်ဆိုင်ကြီးများအား ဆန်ဈေးနူန်းများ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းအလို့ငှာ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချမှုများ ရှိ/မရှိအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

၁၃.၁.၂၀၂၅ ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ချောင်းဆုံမြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်ထက်ထက်နွေဦး၊ အကြီးတန်းစာရေး ဒေါ်ယွန်းမီမီဖူးဝေတို့သည် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ချောင်းဆုံမြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော စားသုံးဆီအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံးမှ၊ ထုတ်ကုန်လုံခြုံ စိတ်ချရမှုဌာနခွဲတာဝန်ခံ ဦးစီးမှူး ဒေါ်စောကြည်သည် ၉.၁.၂၀၂၅ ရက်နေ့တွင် “ထက်နဂါး” အမှတ်တံဆိပ် ယိုမျိုးစုံထုတ်လုပ်သည့် လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသား ဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

၈.၁.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူး ဦးအောင်ညီညီခန့်သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မော်လမြိုင်မြို့နယ်အတွင်းရှိ ဆန်ဆိုင်ကြီးများအား ဆန်ဈေးနှုန်းများ မြှင့်တင်ရောင်းချခြင်းအလို့ငှာ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

၈.၁.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဦးအောင်ညီညီခန့်နှင့် ဝန်ထမ်းများသည် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနှင့် ပူးပေါင်း၍ မော်လမြိုင်မြို့နယ်အတွင်းရှိ ရွှေနိုင်ငံ (ဆေးဆိုင်)နှင့် အောက်လမ်းမကြီး လမ်းဘေးဝဲယာရှိ ဆေးဆိုင်များတွင် ဆေးနှင့်ဆေးပစ္စည်း ဈေးနှုန်းများ မြင့်တက်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
