
စားသုံးသူရေးရာဦးစီးဌာန၊ ဒေးရဲမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်တာ၀န်ခံနှင့် ၀န်ထမ်းတို့သည် (၂၀.၄.၂၀၂၆)ရက်နေ့(၁၀:၃၀)နာရီအချိန်တွင်ဒေးဒရဲမြို့ ချောင်းဖျားကျေးရွာရှိ အေးချမ်းမိုးသောက် ရေသန့်စက်ရုံသို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေး ဥပဒေပါ ပုဒ်မ(၄၁)နှင့်ကိုက်ညီခြင်းရှိ/ မရှိကို ဈေးကွက်မရောက်မီ ကုန်စည်များကို သွားရောက်စိစစ်ခဲ့ပါသည်။
ထိုသို့စိစစ်ခဲ့ရာ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့် အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းတို့ကို ကုန်အညွှန်းအမှတ်အသား ဖော်ပြထားရှိခြင်း ရှိ/မရှိ နှင့် FDA ထောက်ခံချက် ရှိ/ မရှိ၊ ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရေး၊ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ဈေးနှုန်းဈေးကွက်အခြေအနေများအားစိစစ်ခဲ့ပြီး၊ စက်ရုံတာ၀န်ခံအားသောက်ရေသန့်များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင်လည်း ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ လိုအပ်သလို အခြားသက်ဆိုင်ရာဌာနများ၏ လမ်းညွှန်ချက်များကိုလည်း လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း ကွင်းဆင်းစိစစ်ခဲ့မှုအပေါ် သတင်းရရှိခဲ့ပါသည်။
DOCA(ဧရာဝတီ)
